“နှင်းဆီနီတွေ ရဲရဲတောက် စစ်အာဏာရှင် အပြီးပျောက်” လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများ ချီတက်ဆန္ဒပြ

By ကိုရွှေမြိတ်
19 May 2022
“နှင်းဆီနီတွေ ရဲရဲတောက် စစ်အာဏာရှင် အပြီးပျောက်” လောင်းလုံးမြို့နယ်တွင် အမျိုးသမီးများ ချီတက်ဆန္ဒပြ

လောင်းလုံး၊ မေလ၊ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှုဖြင့် ယနေ့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက မိုးထဲ လေထဲတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက် ချီတက်ဆန္ဒပြ ကြကြောင်း ဦးဆောင်သူများထံက သိရသည်။

နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ(ထားဝယ်) သည် နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှုကို ယခင်နှစ် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၈ ရက်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် အဓိက ရည်ရွယ် ပြုလုပ်ခြင်းဖြစ် သည်ဟု သိရ သည်။

#တနင်္သာရီတိုင်း

#ထားဝယ်ခရိုင်

#လောင်းလုံးမြို့နယ်

#နှင်းဆီရောင်အမျိုးသမီးထု

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly