လှိုင်သာယာမြို့နယ်၌ ဖမ်းဆီးခံရသည့် ဈေးသည် ကို မိသားစုက ဆက်သွယ်မရဖြစ်နေ

လှိုင်သာယာမြို့နယ်၌ ဖမ်းဆီးခံရသည့် ဈေးသည် ကို မိသားစုက ဆက်သွယ်မရဖြစ်နေ

မေ ၁၇

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက်တွင် ကွမ်းယာ ရောင်းချနေသည့် ကိုအောင်ခိုင်ဖြိုးကို PDF နှင့် အဆက် အသွယ်ရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်က မေလ ၁၄ ရက်တွင် အင်အားသုံး ဖမ်းဆီးခဲ့ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများထံက သိရသည်။

ဖမ်းဆီးခံရပြီးနောက် လှိုင်သာယာ အနောက် မြို့နယ်၊ တောင်ကြီး ရဲစခန်းတွင် ညှဉ်းပန်း နှိပ်စက် ခံခဲ့ရပြီး လက်ရှိ အချိန် အထိ မိသားစုနှင့် အဆက် အသွယ် မရသေးကြောင်း နီးစပ်သူများထံက သိရသည်။

စစ်ကောင်စီ သတင်းပေး ရာအိမ်မှူး၏ တိုင်တန်းမှုကြောင့် ကိုအောင်ခိုင်ဖြိုးနှင့် အတူ အခြား အမျိုးသား တစ်ဦး ဖမ်းဆီး ခံခဲ့ရသော်လည်း အတူ ဖမ်းဆီးခံရသူ၏ မိသားစုက ငွေပေးသဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း ဆိုသည်။ သို့သော် ယင်းအချက်များအား မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖမ်းဆီးခံထားရသူ ကိုအောင်ခိုင်ဖြိုး သည် လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက်၊ ဦးဘဝင်းလမ်းနှင့် အောင်တံခွန် လမ်းထောင့်တွင် အခန်းငှား နေထိုင်သူ ဖြစ်ပြီး ဇနီးနှင့် ကလေး တစ်ဦးရှိကြောင်း သိရသည်။

#Mizzima

#ရန်ကုန်တိုင်း

#လှိုင်သာယာမြို့နယ်

#PDF

#ရာအိမ်မှူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly