တရုတ်က အမေရိကန်ဦးဆောင်မှုကို အစားထိုးရန် ကမ္ဘာအနှံ့မှ လူသစ် တိတ်တဆိတ် စုဆောင်းရေးဗျူဟာဖြင့် ကျွမ်းကျင်ပညာရှင်များကို သိမ်းသွင်းနေ

တရုတ်က အမေရိကန်ဦးဆောင်မှုကို အစားထိုးရန် ကမ္ဘာအနှံ့မှ လူသစ် တိတ်တဆိတ် စုဆောင်းရေးဗျူဟာဖြင့် ကျွမ်းကျင်ပညာရှင်များကို သိမ်းသွင်းနေ

တရုတ်နိုင်ငံသည် နိုင်ငံ၏စီးပွားရေးနှင့် လုပ်သားအင်အားကို ပိုမိုအားကောင်းလာစေရေးနှင့် ကမ္ဘာတွင် အမေရိကန် ဦးဆောင်မှုကို အစားထိုးရေး လုပ်ဆောင်ရာတွင် မြန်ဆန်သောရလဒ်များထွက်စေရန် 'ကမ္ဘာ့လူသစ်စုဆောင်းရေးဗျူဟာ' ဖြင့် အနောက်အုပ်စုမှ ကျွမ်းကျင်ပညာရှင်များကို ရှာဖွေခြင်းနှင့် သဲ့ယူခြင်းများ လုပ်ဆောင်လျက်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မဟာဗျူဟာအန္တရာယ်သည် ကမ္ဘာကိုလွှမ်းမိုးရေးဟူသော အဆုံးစွန်သောရည်မှန်းချက် အောင်မြင်စေရန် ကမ္ဘာ့ကျွမ်းကျင်ပညာရှင်များ စုစည်းမှုနှင့် ထိန်းချုပ်သည့်အခင်းအကျင်းကို ပြန်လည်ပုံဖော်ရန် ရည်ရွယ်ကြောင်း The Hill က ဖော်ပြသည်။

တရုတ်၏ ရည်ရွယ်ချက်အောင်မြင်ပါက အမေရိကန်နှင့်တခြားအနောက်နိုင်ငံများမှ ခန့်အပ်ထားသော ကျွမ်းကျင်ပညာရှင်များသည် ရေရှည်တည်တံ့သောနည်းပညာလွှဲပြောင်းမှုသာမက အမေရိကန်ကို စီးပွားရေး၊နည်းပညာနှင့်စစ်ရေးအရ ကျော်လွန်စေမည့် အနှောင့်အယှက်ဖြစ်စေသော တီထွင် ဆန်းသစ်မှုများကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။

ထိုအကြောင်းကြောင့် အမေရိကန်သည် တရုတ်နည်းဗျူဟာကို သတိကြီးစွာထားရမည်ဖြစ်ပြီး ဘိုင်ဒင်အစိုးရသည် ကမ္ဘာ့အကောင်းဆုံးနှင့်အထက်မြက်ဆုံး ပညာရှင်များကို ဆွဲဆောင်နိုင်မည့် လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ကျင့်သုံးခြင်းအပါအဝင် ပိုမိုထိရောက်သော ကျွမ်းကျင်ပညာရှင်မဟာဗျူဟာကို ဖော်ဆောင်သင့်သည်။

တရုတ်သည် ဤနည်းဗျူဟာကို သုံးလာသည်မှာကြာပြီဖြစ်သည်။၁၉၅၀ နှစ်လွန်များက တရုတ်ကွန်မြူနစ်ပါတီ (CCP) သည်အနောက်နိုင်ငံများမှ သိပ္ပံပညာရှင်ရာပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။

တရုတ်သည် နှစ်များစွာအတွင်း နာမည်ဆိုးဖြင့်ကျော်ကြားသော Thousand Talents Program (TTP) အပါအဝင် ကျွမ်းကျင်ပညာရှင်များခန့်အပ်သည့် လူသစ်စုဆောင်းရေးအစီအစဥ်ပေါင်း ၂၀၀ ထက်မနည်း စီစဉ်ခဲ့သည်။

ပြည်ပမှ နိုင်ငံခြားပညာသင် ကျွမ်းကျင်ပညာရှင် ၃ ၉၀၀ နှင့်အတူ အဆင့်မြင့် ပညာရှင်စုစုပေါင်း ၆ ၀၀၀ ကို ခန့်အပ်ခဲ့သည်ဟု The Hill ၌ ဖော်ပြထားသည်။

အမေရိကန်က နည်းပညာ၊ ဉာဏမူပိုင်ခွင့်နှင့် အသိပညာများကို တရုတ်နိုင်ငံသို့ တရားမဝင် လွှဲပြောင်းမှုအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့သော်လည်း တရုတ်နိုင်ငံသည် အခြားသူများ အထူးသဖြင့် အမေရိကန်ကို စီးပွားရေးနှင့် နည်းပညာအရ လွှမ်းမိုးလိုသောဆန္ဒဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်အောင် ဆက်လက်အကောင် အထည်ဖော်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly