အိမ်နီးချင်းနိုင်ငံများတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာ

အိမ်နီးချင်းနိုင်ငံများတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလာ

တရုတ်အစိုးရက ချဲ့ကားသည့် ဝါဒများကို စတင်အကောင်အထည်ဖော်ပြီး အတိုက်အခံများ၏ အသံများကို ချေမှုန်းမှုများ လုပ်ဆောင်လာချိန်တွင် အိမ်နီးချင်းနိုင်ငံများနှင့် သိမ်းပိုက်ခံနယ်မြေများတွင် တော်လှန်ရေး စိတ်ဓာတ်များ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။

အိမ်နီးချင်းပါကစ္စတန်သည် တရုတ်၏ ရင်းနှီးသော မဟာမိတ်ဖြစ်သော်လည်း အရင်းအမြစ်များ စဉ်ဆက်မပြတ် အသုံးချခံရကာ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြည်သူများက တရုတ်ကို ဆန့်ကျင် ကန့်ကွက်လာကြသည်။

ပါကစ္စတန်၌ အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများသည် တော်လှန်မှုကို ရင်ဆိုင်နေရကာ အကြိမ်ပေါင်း များစွာ တိုက်ခိုက်ခံခဲ့ကြရသည်။ ဧပြီလ ၂၄ ရက်နေ့က ကရာချိမြို့ ကွန်ဖြူးရှပ် တက္ကသိုလ် အပြင်ဘက် တွင် ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ယူဆရသည့် အသေခံဗုံးခွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးနှင့် ဒေသခံ အမျိုးသား ၁ ဦး သေဆုံးခဲ့သည်။ 

တရုတ်နိုင်ငံ၏ ပိုးလမ်းမစီးပွားရေးခါးပတ်လမ်း၏ လက်တံ ၆ ခုအနက် တစ်ခုဖြစ်သည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် ပါကစ္စတန်အား တရုတ်၏ လက်ပါးစေအဖြစ်သို့ ရောက်စေမည့် ကိုလိုနီပြုမှု ပုံစံအဖြစ် ဝေဖန်ခံနေရသည်။ ဂွာဒါရှိ CPEC ပရောဂျက်များ အမြန်ပြီးစီးရေး ဦးစားပေးကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်ရေတပ်၏ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကိုပင် တရုတ်က ပယ်ချခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်တပ်ကို ထောက်ခံကြောင်း ကတိပြုပြီး ရက်ပိုင်းအကြာတွင် စစ်တပ်နှင့်ထိတွေ့ဆက်ဆံမှုသည် တရုတ်၏ နိုင်ငံတကာဂုဏ်သိက္ခာကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်အား သတိပေးခဲ့သည်။

သီရိလင်္ကာ၏ စီးပွားရေးမတည်ငြိမ်မှုသည် တရုတ်နိုင်ငံ၏ ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းကြောင့် ဖြစ်သည်။ သီရိလင်္ကာသို့ တရုတ်၏ အခြေခံအဆောက်အအုံဆိုင်ရာ ချေးငွေများ အထူးသဖြင့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းအား ငွေကြေးထောက်ပံ့မှုနှင့်ပတ်သက်သော ချေးငွေဆပ်ရန် ပျက်ကွက်မှုများကို အကျပ်အတည်း ဖြစ်စေသော အကြောင်းရင်းများအဖြစ် ဖော်ပြကြသည်။

တရုတ်နှင့် နီပေါ ဆက်ဆံရေးမှာလည်း အားနည်းလာသည်။ ဇန်နဝါရီလတွင် နီပေါလေကြောင်းလိုင်းသည် တရုတ်လုပ်လေယာဉ် ၆ စင်းကို ရပ်နားထားခဲ့ပြီး ပျံသန်းရန် မတတ်နိုင်တော့ဟု ဆိုသည်။ သို့သော် အဆိုပါ လေယာဉ်များအတွက် တရုတ်နိုင်ငံမှ ချေးငွေသည် လေကြောင်းလိုင်းများကို ဆက်လက် ခြောက်လှန့်ခဲ့သည်။ ဝန်ဆောင်ခနှင့် စီမံခန့်ခွဲမှုကုန်ကျစရိတ်များနှင့်အတူ ကြီးမားသောအတိုးနှုန်းဖြင့် ဒေါ်လာ ၃၅ ဒသမ ၁ သန်းတန်ဖိုးရှိ ပေးရန်ကျန်ရှိငွေများမှာ ဆိုင်းငံ့ထားဆဲဖြစ်သည်။

နီပေါသာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရုတ်၏ စံချိန်မမီသော စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုသည် မွတ်ဆလင်အများစုနေထိုင်ရာနိုင်ငံကို စိတ်ပျက်စေခဲ့သည်။

တရုတ်သည် ၂၀၂၀ ခုနှစ်တွင် တရုတ် 053H3 ဖရီးဂိတ်သင်္ဘောနှစ်စင်းဖြစ်သည့် BNS Umar Farooq နှင့် BNS Abu Ubaidah တို့အား ဘင်္ဂလားဒေ့ရှ်သို့ လက်ဆောင်ပေးအပ်ခဲ့သည် ။ ဘင်္ဂလားဒေ့ရှ် ရေတပ်ထံ လက်ဆောင်ပေးသော Type-053H3 ဖရီးဂိတ်စစ်သင်္ဘောများတွင် မီးထိန်းစနစ်နှင့် ရဟတ်ယာဉ် ဆီဖြည့် ဆီထုတ်စနစ်တို့တွင် ချို့ယွင်းချက်များ ရှိနေသည်။

အိမ်နီးချင်းများသာမက ရှင်ကျန်းနှင့် တိဗက်အပါအဝင် တရုတ်လက်အောက်ရှိ နယ်မြေများ၌ လူ့အခွင့်အရေး အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရခြင်းသည် ဒေသတွင်း တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်မားနေခြင်းကို ညွှန်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required