တရုတ်က ဝေးလံခေါင်သီသော သဲကန္တာရများ၌ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်နေ

တရုတ်က ဝေးလံခေါင်သီသော သဲကန္တာရများ၌ သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်နေ

တရုတ်နိုင်ငံသည် ရှင်ကျန်းပြည်နယ်၏ ဝေးလံသော တက်ခ်လာမာခန်သဲကန္တာရှိ ပစ်မှတ်နေရာအသစ်များတွင် ဖြစ်ပေါ်လာနိုင်သော အနာဂတ်ပဋိပက္ခများအတွက် ၎င်း၏ သင်္ဘောဖျက်စွမ်းရည်ကို မြှင့်တင်လျက်ရှိကြောင်း ဂြိုဟ်တုဓာတ်ပုံသစ်များက ထုတ်ဖော်ပြသနေပြီး အဆိုပါပစ်မှတ်များသည် ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ရန် ရည်ရွယ်ထားသည်။

ဂြိုဟ်တုဓာတ်ပုံများအရ သဲကန္တာရအရှေ့ဘက်အစွန်းတစ်လျှောက်၌ အရွယ်အစား ကြီးမားလှသော ပစ်မှတ်အကွာအဝေးများကို မြင်တွေ့ရသည်။ ဤနေရာများ၏ သဘာဝ၊ တည်နေရာနှင့် တိုက်ခိုက်မှုစသည့် အချက်များအားလုံးအရ ပစ်မှတ်များသည် ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ရန် ရည်ရွယ်သည်ဟု ယူဆရသည်။

အဆိုပါ အသံထက်မြန်သည့် သင်္ဘောဖျက်ပဲ့ထိန်းဒုံးကျည်များ (ASBMs) များသည် စစ်သင်္ဘောများအတွက် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်ရေတပ်အင်စတီကျု (USNI) က ဆိုသည်။

တရုတ်စစ်တပ်သည် ဤဝေးလံခေါင်သီသော သဲကန္တာရကဲ့သို့သော ပစ်မှတ်သစ်များ၌ အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သော ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် အယောင်ဆောင်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။ လေယာဉ်တင်သင်္ဘောပစ်မှတ်များကို သုတေသနပြုရာတွင် အဆိုပါပစ်မှတ်အသစ်များဆိုင်ရာ အချက်အလက်များ ထွက်ပေါ်လာခြင်းဖြစ်သသည်။ 

သုတေသန၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဤပစ်မှတ်အသစ်ကို All Source Analysis (ASA) မှ တွေ့ရှိခဲ့ပြီး Maxar Technologies ၏ ကြည်လင်ပြတ်သားမှုမြင့်မားသော ဂြိုဟ်တုဓာတ်ပုံများဖြင့် အသေးစိတ် အချက်အလက်များ ထပ်မံတွေ့ရှိခဲ့သည်။

အလွတ်တန်း ကာကွယ်ရေးလေ့လာသုံးသပ်သူ ဒမ်မီယံဆိုင်မွန်က နောက်ထပ် အလားတူ ရေတပ် အခြေစိုက် စခန်းပစ်မှတ်ကို အနောက်တောင်ဘက် မိုင် ၁၉၀ ခန့်တွင် တွေ့ရှိခဲ့သည်။ ယင်း နေရာကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်ခဲ့သော်လည်း ယခုအချိန်အထိ အကြောင်းကြားစာ မထုတ်သေးပေ။

တရုတ်ဒုံးကျည်များသည် ပစ်မှတ်ပုံသဏ္ဌာန်ပြုလုပ်ရန် အနီအောက်ရောင်ခြည်၊ အလင်းရောင် သို့မဟုတ် ရေဒါများ ကို အသုံးပြုနိုင်သည်။ ထို့နောက် ၎င်းတို့သည် ပစ်မှတ်ကို အတိအကျ ထိနိုင်ရန် ကျည်လမ်းကြောင်းကို အနည်းငယ်သာ ချိန်ညှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly