KNDO ထံ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် DKBA ဗိုလ်မှူးစောစလုံးနှင့် ဆက်သွယ် မေးမြန်းချက်

16 May 2022
KNDO ထံ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် DKBA ဗိုလ်မှူးစောစလုံးနှင့် ဆက်သွယ် မေးမြန်းချက်

“DKBA မှာနေရင် ရှေ့ကိုတိုက် နောက်က ကိုယ့်လူကြီးကို ကိုယ်ပြန်ကြောက် နေရတယ်” 

KNDO ထံ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် DKBA ဗိုလ်မှူးစောစလုံးနှင့် ဆက်သွယ် မေးမြန်းချက်

ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗိုလ်မှူးစောစလုံးသည် ကရင်အမျိုးသား ကာကွယ်ရေး အဖွဲ့ (KNDO) ဗိုလ်မှူးချုပ် စောနယ်ဒါးမြထံသို့ အင်အား ၂၀၀ ကျော်ဖြင့် ဧပြီလ ၂၆ ရက်နေ့တွင် သွားရောက် ပူးပေါင်းခဲ့သည်။

ဗိုလ်မှူးစောစလုံး ကို ဗိုလ်မှူးချုပ် စောနယ်ဒါးမြက မေလ ၅ ရက်နေ့တွင် ဂုဏ်ပြု ကြိုဆိုခဲ့ပြီး KNDO ကွန်မန်ဒို တပ်ရင်း အဖြစ် ဖွဲ့စည်းပေးခဲ့သည်။ ဗိုလ်မှူး စောစလုံး ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA) တွင် ရှိစဉ်ကလည်း စစ်ကောင်စီတပ်ကို KNLA ၊ KNDO ၊ PDF တို့နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်က ဗိုလ်မှူးစောစလုံး အခြေစိုက်သည့် ဖလူးလေး စခန်းကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ပြီး လေးရက်တိုင် သာလွန် အင်အားဖြင့် တိုက်ခိုက်ခဲ့ပြီး ငါးရက်မြောက် နေ့တွင် စစ်လေယာဉ်များ အသုံးပြု ပစ်ခတ်ကာ စခန်းကို သိမ်းယူ ဖျက်ဆီးခဲ့သည်။

 KNDO ထံသို့ အင်အား ၂၀၀ ကျော်ဖြင့် ပူးပေါင်းခဲ့သည့် ဗိုလ်မှူးစောစလုံးကို မဇ္ဈိမက တွေ့ဆုံ မေးမြန်းထားသည်။

ရိုက်ကူး/တည်းဖြတ် ဟန်ထူးဇော်
#Mizzima
#KNDO
#DKBA
#ဗိုလ်စလုံး
#ဖလူးလေးစခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly