"သူပုန်ထုအားနှင့် ဖက်ဆစ်ပလ္လင်ကို ရိုက်ချိုးပစ်မယ်" ရန်ကုန်မြို့က ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

"သူပုန်ထုအားနှင့် ဖက်ဆစ်ပလ္လင်ကို ရိုက်ချိုးပစ်မယ်" ရန်ကုန်မြို့က ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

မေ ၁၅

ရန်ကုန်မြို့ တစ်နေရာတွင် သပိတ်ကော်မတီများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် သမဂ္ဂများ ပူးပေါင်းကာ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

"သူပုန်ထုအားနှင့် ဖက်ဆစ်ပုလ္လင်ရိုက်ချိုးပစ်မယ်"ဟုသောစာသားပါ ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

လှုပ်ရှားမှုကို ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ(YRSC)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင် သမဂ္ဂများ၊ ပုဇွန်တောင် ဗိုလ်တထောင်လူငယ်များ သပိတ်ကော်မတီ၊ ထားဝယ်မြို့နယ် အခြေခံပညာ ကျောင်းသားမျာသမဂ္ဂ(ထဝအကသ)၊ ဗမာ့လူငယ်ကွန်ရက်(ဗလက)နှင့် Yankin Protestsတို့ ပူးပေါင်း ပါဝင်ခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ် တစ်နေရာတွင်လည်း ယနေ့ နံနက်ပိုင်းက ဗကသများအဖွဲ့ချုပ်နှင့်တော်လှန်လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသေးသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် လုံခြုံရေးတင်းကျပ်ကာ ၄င်းတို့ကို ဆန့်ကျင်ကြသူများကို ဖိနှိပ်ရန်ကြိုးစားနေသော်လည်း စစ်အာဏာသိမ်းမှုအပေါ် လက်မခံသည့် ပြည်သူများ၏ ဆန့်ကျင်လှုပ်ရှားဆန္ဒပြမှုများ ဆက်လက်ရှိနေသည်။

#Mizzima

#ရန်ကုန်မြို့

#ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု

#ဗကသများအဖွဲ့ချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required