ကရင်ပြည်နယ် ဝေါလေမြိုင်ဒေသတွင် ဌက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးလိုအပ်နေ

ကရင်ပြည်နယ် ဝေါလေမြိုင်ဒေသတွင် ဌက်ဖျားရောဂါနှင့် ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးလိုအပ်နေ

မေ ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်ဒေသ၊KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေတွင် ငှက် ဖျားရောဂါနှင့် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွါးသူ များနေကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံများအပြင် KNLA၊ KNDO မှ တပ်သားအချို့လည်း ရောဂါဖြစ်ပွါးနေပြီး ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်းသိရသည်။

“ကျွန်တော့် စခန်းမှာ အယောက်၂၀လောက်ဖြစ်နေတယ် ။ ဆေးဝါးလည်းလိုတယ် ။ဆရာဝန်လည်း လိုတယ် ။ အခု ယာယီ ဆေးခန်းဆောက်နေတယ်။ ဒီနေ့ ဗိုလ်ချုပ်စောနယ်ဒါးမြက ဌာနချုပ်ကနေ ဆရာဝန် လွှတ်ပေးတယ်”ဟု KNDO ဗိုလ်စောစလုံးက ပြောသည်။

ယင်းဒေသတွင် ဧပြီလမှ စတင်ပြီး ဌက်ဖျားရောဂါအဖြစ်များနေကာ မေလ ပထမပတ်မှ စတင်၍ ရာသီတုပ်ကွေးရောဂါ အဖြစ်များနေကြောင်း သိရသည်။

“အခုက စစ်ရှောင်တွေမှာပါ ဖြစ်နေတော့ ပိုဆိုးတာပေါ့ ။ ဆေးဝါးလည်း အတော်လိုအပ်နေတယ် ။ ဌက်ဖျား တစါခုထဲမဟုတ်ဘူး ။ တုပ်ကွေးပါဖြစ်နေတော့ အတော်ဆိုးဆိုးပဲ”ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ ဝေါလေမြိုင်ဒေသတွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေပြီး KNLA၊KNDOတို့နှင့် တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်ကောင်စီမှ ထိုးစစ်ဆင်နေခြင်းကြောင့် ကျေးရွာ ၁၀ရွာ ထက်မနည်းမှ ပြည်သူများ စစ်ရှောင်နေကြရပြီး စစ်ဘေးရှောင်ပြည်သူ ဦးရေ ၁၀,၀၀၀ ဝန်းကျင်ရှိနေကြောင်း သိရသည်။

#Mizzima

#ကရင်ပြည်နယ်

#မြဝတီခရိုင်

#ဝေါလေမြိုင်ဒေသ

#KNUတပ်မဟာ(၆)ထိန်းချုပ်နယ်မြေ

#ငှက်ဖျားရောဂါ

#ရာသီတုတ်ကွေး

#ဆေးဝါးလိုအပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required