မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ကို ယုံရမှာလား(ဆောင်းပါး)

13 May 2022
မင်းအောင်လှိုင်ပြောတဲ့ ဖက်ဒရယ်ကို ယုံရမှာလား(ဆောင်းပါး)

မြန်မာပြည်မှာ ဖက်ဒရယ်အကြောင်းပြောလာခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ ခေတ်အဆက်ဆက် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ဖက်ဒရယ်ဆိုပြီး ပြောလာခဲ့ပေမယ့် ဒါဟာ သူတို့အတွက် လှည့်ကွက် အဖြစ်လောက်ပဲ သဘောထားခဲ့ကြတာပါ။ ဘယ်တုန်းကမှလည်း ဖြစ်မလာခဲ့ပါဘူး။ ကုန်ကုန်ပြောရရင် လွတ်လပ်ရေး မရခင်က တည်းက ပြည်မနဲ့တောင်တန်းဒေသကြားပေါင်းစည်းရေး ပြည်ထောင်စုဆိုတာကိုပဲ စစ်ခေါင်း ဆောင်တွေက သဘောကျခဲ့တာဖြစ်တယ်။ ဒါမှလည်း သူတို့ရဲ့ အာဏာနဲ့ချုပ်ကိုင်မှုကို ထိန်းထား နိုင်မှာကိုး။ အခုလည်း မျိုးဆက် သစ်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖက်ဒရယ်ဆိုပြီး ပြောလာ ပြန်တယ်။ သူပြောတဲ့ ဖက်ဒရယ် ကတော့ “မြန်မာပြည်နဲ့သင့်တော်တဲ့ ဖက်ဒရယ်စနစ်မျိုးသွားမယ်”ဆိုပဲ။ ဖက်ဒရယ်စနစ်မှာ သင့်တော်တဲ့ အခြေအနေ နဲ့လိုက်ဖက်တဲ့ ဖက်ဒရယ်လို့ရှိလားဆိုတာတော့ စဉ်းစားစရာဖြစ်နေ ပါတယ်။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly