ယူကရိန်းစစ်ပွဲက အရှေ့အလယ်ပိုင်းကို တရုတ်နှင့် ပိုမိုနီးကပ်စေ

ယူကရိန်းစစ်ပွဲက အရှေ့အလယ်ပိုင်းကို တရုတ်နှင့် ပိုမိုနီးကပ်စေ

လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်းစစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်ထက် တရုတ်နှင့် ပိုမိုနီးကပ်သွားစေကြောင်း ကုလသမဂ္ဂဆုံးဖြတ်ချက် ၃ ခုတွင် မကြာသေးမီက မဲပေးမှုမှတ်တမ်းများ၌ ဖော်ပြထားသည်။

ရုရှားက ယူကရိန်းကို တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်နှင့် တပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းပေးရန် တောင်းဆို သည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၂၆ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့သော်လည်း လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်သုံးနိုင်ငံဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ယူအေအီးတို့က မဲမပေးဘဲနေခဲ့ကြသည်။

တစ်ပတ်အတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံက ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ရန် တောင်းဆိုသည့် အဆိုကို မဲခွဲဆုံးဖြတ်ခဲ့သော်လည်း နိုင်ငံပေါင်း ၃၅ နိုင်ငံအနက် တရုတ်၊ အီရန်နှင့် အီရတ် တို့က မဲမပေးဘဲနေခဲ့ကြောင်း Asia Times သတင်းတွင် ဖော်ပြထားသည်။

ထို့နောက် လူ့အခွင့်အရေးကောင်စီမှ ရုရှားကို ဆိုင်းငံ့ထားရန် ဧပြီလ ၇ ရက်တွင် အထွေထွေညီလာခံက ဆုံးဖြတ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် တရုတ်၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကာတာ၊ ကူဝိတ်နှင့် အခြားနိုင်ငံများက ယင်းအဆိုကို ကန့်ကွက်မဲပေးခဲ့ကြသည်။

စုပေါင်းလိုက်ပါက ကုလသမဂ္ဂရှိ ယင်းစာရင်းများက ခါးသီးသည့် အမှန်တရားကို ဖော်ပြနေပြီး ၊ ယူကရိန်းတွင် ရုရှား၏ ရန်လိုမှုကို ကမ္ဘာက ရှုတ်ချနေသော်လည်း စစ်ပွဲက တရုတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများကို တူညီ သော အနေအထားအမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့သည်။ တရုတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် တူညီသည့် စိုးရိမ်ပူပန်မှုများရှိနေသည်။

ဥပမာလူ့အခွင့်အရေးကောင်စီတွင် ရုရှားနေရာအတွက် ထောက်ခံမှုသည် ယင်းစိုးရိမ်မှု အတွက် စံနမူနာဖြစ်ပြီး ယင်းတို့၏ အခွင့်အရေးမှတ်တမ်းများကို အနာဂတ်တွင် မည်သို့အစီရင်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည် ဟု Asia Times က ဖော်ပြခဲ့သည်။

အခြားတစ်ဖက်တွင်မူ ရုရှားသည် တရုတ်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် သမိုင်းဝင်ဆက်ဆံမှု၊ ရင်းနှီးမြှုပ်နှံမှု များနှင့် သြဇာလွှမ်းမိုးမှုတို့အပြင် (အနောက်နိုင်ငံများနှင့် မကျေမနပ်မှုများ မျှဝေခံစားရခြင်း) စသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခြင်းက ပင်လယ်ကွေ့နိုင်ငံများကို အမေရိကန်နှင့် အမှန်တကယ် ကင်းကွာစေပြီး တရုတ်နှင့် ပိုမိုနီးစပ်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly