ဘန်ကာများဖြင့် အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဗိုလ်နဂါးနှင့် ဆက်သွယ်မေးမြန်းချက် 

12 May 2022
ဘန်ကာများဖြင့် အခိုင်အမာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဗိုလ်နဂါးနှင့် ဆက်သွယ်မေးမြန်းချက် 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် ဘန်ကာများ ကတုပ်ကျင်းများဖြင့် စစ်ကောင်စီတပ် အင်အားရာချီ နှင့်အတူ ပျူစောထီး အဖွဲ့ဝင်များ လေးလ နီးပါးကြာ အခိုင်အမာ တပ်စွဲထားသည့် စစ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်း တိုက်ပွဲ အနေဖြင့် ဝင်ရောက် တိုက်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်၏ ကျေးရွာ အခြေပြု စစ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များက မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃ မိနစ်မှာ စတင် တိုက်ခိုက်ခဲ့ပြီး ည ၇ နာရီခွဲအချိန်ထိ ကြာမြင့်ကာ စစ်ကောင်စီတပ် ဘက်မှ အထိအခိုက် အကျအဆုံး များခဲ့ကြောင်း သိရသည်။ 

ဇီးဖြူကုန်းကျေးရွာတွင် ဒေသခံ ပြည်သူများ ယခုနှစ် ဇန်နဝါရီလမှစ၍ ရွာအတွင်း နေထိုင်ခြင်း မပြုတော့ဘဲ လက်ရှိ ကျေးရွာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ် အင်အား ရာချီ နှင့်အတူ ပျူစောထီးများက လူနေအိမ်များနှင့် စာသင်ကျောင်းများတွင် ခံတပ် ပုံစံဖြင့် တပ်စွဲလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသကာကွယ်ရေး မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) ခေါင်းဆာင် ဗိုလ်နဂါး ကို မဇ္ဈိမသတင်းဌာန သတင်းထောက် ကိုထွန်းထွန်းဝင်း က ဆက်သွယ် မေးမြန်းထားသည်။
#Mizzima
#ပုလဲမြို့နယ်
#ဇီးဖြူကုန်းကျေးရွာ
#ဗိုလ်နဂါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly