ရေဖြူမြို့ နဘုလယ်ဒေသတွင် သွေးသောက်အဖွဲ့ခေါင်းဆောင်ဟု သတင်းထွက်နေသူ ပစ်သတ်ခံရ

By ကိုရွှေမြိတ်
11 May 2022
ရေဖြူမြို့ နဘုလယ်ဒေသတွင် သွေးသောက်အဖွဲ့ခေါင်းဆောင်ဟု သတင်းထွက်နေသူ ပစ်သတ်ခံရ

ထားဝယ်၊ မေလ(၁၁)

ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပရဒတ်ကျေးရွာမှ သွေး သောက်အဖွဲ့ခေါင်းဆောင်ဟုသတင်းထွက်ပေါ်နေသူ အသက်(၄၀)နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ် ဖြင့်ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ ဦးညီညီဆိုသူဖြစ်ပြီး သွေးသောက်အမည်ခံ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြော သည်။

နဘုလယ်ဒေသခံတစ်ဦးက “ မနေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်က ပရဒတ်ရွာကနေ သူ့ခြံကိုသွားတဲ့ လမ်းမှာ ပစ်သတ်ခံရတာ။ သေနတ်နဲ့ ရှစ်ချက်လောက်ပစ်ခံရတာ။ အခင်းဖြစ်တဲ့နေရာမှာ သေသွားပြီလို့ ကြားတယ်” ဟု ပြောသည်။

အဆိုပါ သွေးသောက်အမည်ခံပျူစောထီးအဖွဲ့ဝင်ဟု စွပ်စွဲပစ်သတ်ခံရသည့် ဦးညီညီသည် ၎င်း ဦးဆောင် ပြီး သွေးသောက်အမည်ဖြင့် ရွာဘုန်းကြီးကျောင်း တစ်ကျောင်းတွင် အဖွဲ့ ဖွဲ့ထားပြီး တစ်ရွာလုံးကို သတ္တိရှိ လျှင် ခြံထဲမှာရှိတယ်လာခဲ့ဟု စိန်ခေါ်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

#Mizzima

#နဘုလယ်ဒေသ

#သွေးသောက်အဖွဲ့

#ပျူစောထီး

#ပစ်သတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly