ရင်လေးဖွယ် မြန်မာ့လယ်ယာကဏ္ဍ(ဆောင်းပါး)

11 May 2022
ရင်လေးဖွယ် မြန်မာ့လယ်ယာကဏ္ဍ(ဆောင်းပါး)

မြန်မာနိုင်ငံဟာ လယ်ယာကဏ္ဍကို အဓိကအားထားနေရတဲ့ နိုင်ငံဖြစ်လို့ လူဦးရေအများစုဟာလည်း တောင်သူ လယ်သမားတွေ ဖြစ်ကြပါတယ် ။ တောင်သူလယ်သမားတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးနဲ့ အခြားသော ဘေးအန္တရာယ် ၊ စစ်အာဏာရှင်အဆက်ဆက်က လုပ်ဆောင်ခဲ့တဲ့ အတင်းအဓမ္မ မြေယာသိမ်းမှု နဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် သူတို့ရဲ့ဘဝကို ရိုက်ခတ်မှုရှိနေတာ နှစ်များစွာ ကြာခဲ့ပြီ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ လူနေမှုဘ၀ အတိုင်းအတာတစ်ခုအထိ တိုးတက် လာပေမယ့် ကိုဗစ်ကပ်ရောဂါကာလမှာတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြရပြန်ပါတယ် ။ အာဏာ သိမ်းစစ် ကောင်စီလက်ထက်မှာတော့ တောင်သူလယ်သမားတွေရဲ့ဘဝဟာ အဆိုးတကာ့အဆိုးဆုံး အခြေအနေ အောက်ကို ရောက်ခဲ့ကြရ ပါတော့တယ် ။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly