အိန္ဒိယ-မြန်မာ နယ်စပ်၌ ငါးခူမျိုးစိတ်သစ်အား အိန္ဒိယသတ္တဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ 

အိန္ဒိယ-မြန်မာ နယ်စပ်၌ ငါးခူမျိုးစိတ်သစ်အား အိန္ဒိယသတ္တဗေဒပညာရှင်များ ရှာဖွေတွေ့ရှိ 

မေ ၁၀

မြန်မာနိုင်ငံမှ ငါးခူမျိုးစိတ်သစ်ကို အိန္ဒိယ သတ္တဗေဒတိုင်းတာရေး ZSI မှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိသည်။ အိန္ဒိယ-မြန်မာနယ်စပ် ဧရိယာအတွင်း ချင်းတွင်းမြစ် ရေနုတ်မြောင်းစနစ်၌ ဆန်းစစ်တိုင်းတာရေး လုပ်ငန်းစဉ်တစ်ရပ် ဆောင်ရွက်ရာတွင် Dr Bungdon Shangningam က ဌာနေတံငါသည်များထံတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးအမည် ခွဲခြားမသိရသေးသော Glyptothorax ငါးခူမျိုးစိတ် သုံးမျိုးကို စုဆောင်းရရှိခဲ့ခြင်း ဖြစ်သည်။ ထို မျိုးစိတ်များကို သေသေချာချာ စူးစမ်းလေ့လာပြီးနောက် Glyptothoraxyuensis မျိုးစိတ်အဖြစ် ခွဲခြားသတ်မှတ်ခဲ့ကြောင်း ZSI ညွှန်ကြားရေးမှူး Dr Dhriti Banerjee က ပြောသည်။ 

အဆိုပါ ငါးမျိုးစိတ်ကို အိန္ဒိယမှ မြစ်လက်တက်များစွာ စီးဝင်သည့် ချင်းတွင်းမြစ်ဝှမ်းက အဓိက မြစ်လက်တက်ဖြစ်သော အရေးပါသည့် မြစ်လက်တက်ဖြစ်သည့် ဒေသအခေါ် ယုမြစ်ကို စွဲလျက် အမည်မှည့်ခေါ်ပေးခဲ့သည်။ 

Glyptothorax ငါးခူမျိုးစိတ်သည် တူရကီအရှေ့ပိုင်း Euphrates မြစ်ဝှမ်းများမှ တရုတ် ယန်စီမြစ်ဝှမ်း အရှေ့ပိုင်းနှင့် အိန္ဒိယတိုက်ငယ် တောင်ပိုင်းနှင့် အရှေ့တောင်အာရှ Greater Sunda ကျွန်းစုများအထိ ပျံ့နှံ့စွာ ရှိကြသော ငါးခူမျိုးစိတ်များ ဖြစ်သည်။ Glyptothorax ငါးခူမျိုးစိတ်များသည် ရေစီးသန်သော တောင်ကျချောင်းများတွင် နေထိုင်ရှင်သန်ကြပြီး ယင်းနေရာများ၌ ရေစီးနှင့် မျောပါခြင်း မရှိအောင် ၎င်းတို့၏ ကျိချွဲသော အရေခွံအားဖြင့် ကျောက်တုံးကျောက်ခဲများကြားတွင် နေထိုင်ကြခြင်း ဖြစ်သည်။ 

ယခု ငါးခူ မျိုးစိတ်သစ်သည် ကျောပိုင်း၌ အဆီဖြိုးသော ဆူးတောင်ပါရှိခြင်း၊ ခန္ဓာကိုယ်တွင် ဝါကြင့်ကြင့် အစင်းကြောင်း နှစ်စင်း ပါရှိခြင်းများဖြင့် တမူထူးသော မျိုးစိတ်ဖြစ်သည်။ မြန်မာနိုင်ငံ ချင်းတွင်း-ဧရာဝတီ မြစ်ဝှမ်းဒေသ၊ တရုတ်နှင့် အိန္ဒိယတို့တွင် ယခု မျိုးစိတ်နှင့်အတူ Glyptothorax ငါးခူမျိုးစိတ် ၁၅ မျိုးကို တွေ့ရှိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly