မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ

By OAK
10 May 2022
မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော စစ်ကောင်စီကား နှစ်စီးကို မုံရွာ-ဘုတလင်လမ်းပိုင်းတွင် မေလ ၈ရက်နေ့ နေ့လယ် ၂နာရီ ၃၀ မိနစ် အချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင်ကနီ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ထံမှ သိရသည်။

ယင်းကား နှစ်စီးကို မုံရွာမြို့နှင့် ဘုတလင်မြို့ကြားတွင် အဆင်မြှင့်ထားသောမိုင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ပထမတစ်လုံးခွဲပြီးချိန်တွင်ကားပေါ်မှ ​ဆင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

"ပထမတစ်လုံးခွဲလိုက်တော့ ကားပေါ်ကနေခြေလျင်တွေဆင်းလျှောက်တာ၊ ခြေလျင်ဆင်းတော့အထိအခိုက်ကများပြီဗျ၊ မိုင်းဆွဲတာကတော့ ရွာတွေနဲ့ ဝေးတဲ့နေရာမှာ မိုင်းဆွဲတာ၊ ရွာတွေနားမှာမိုင်းဆွဲရင်ခွေးတွေက ကြွက်မနိုင် ကျီမီးရှို့ဆိုတာမျိုးမို့ ပါဗျ"ဟု ချိုမိုင်မိုင် ယင်းမာပင်ကနီ မဟာမိတ်တပ်ပေါင်းစု အဖွဲ့တာဝန်ရှိသူက ပြောသည်။

ယခုမိုင်းများသည် Jammer များအားကျော်နိုင်အောင်ပြုလုပ်ထားပြီး ပိုမိုတိကျ​အောင် တစ်လုံးခြင်း ခပ်စိတ်စိတ်ဆင်ထားသော မိုင်းများဖြစ်သည်ဟု သိရပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်ကောင်စီမှ ၁၅ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများပါရှိသည်ဟု သိရသည်။

ယင်းလုပ်ဆောင်မှုကို ချိုမိုင်မိုင် ယင်းမာပင်ကနီ မဟာမိတ်တပ်ပေါင်းစုအဖွဲ့၊Democratic Guerillia Force (Lower Chindwin)၊Anonymous Heores People Defence Force၊ Dynamite Heores BDL People Defence Force အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မေလ ၇ ရက်နေ့ကလည်း ဘုတလင်မြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သေးသည်။

#Mizzima 
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#အနောက်မြောက်တိုင်းစစ်ဌာနချုပ်
#စစ်ကောင်စီတပ်ဖွဲ့ကား
#မိုင်းဆွဲတိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly