ဖလမ်း - ဟားခါး လမ်းပိုင်း ၃ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၆ ဦး သေဆုံး

10 May 2022
ဖလမ်း - ဟားခါး လမ်းပိုင်း ၃ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၆ ဦး သေဆုံး

ချင်းပြည်နယ် ဟားခါးမြို့မှ ဖလမ်းမြို့သို့ ထွက်ခွာလာသည့် အား တိုက်ခိုက်ခဲ့ရာ သုံးရက်တာအတွင်း စစ်ကောင်စီတပ်မှ ၂၆ ဦး သေဆုံးခဲ့ကြောင်း  ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ယနေ့ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။စစ်ကောင်စီယာဉ်တန်းမေလ ၂ ရက်နေ့က စစ်ကောင်စီတပ်သား အင်အား ၁၇၀ ကျော်ခန့်၊ သံချပ်ကာကား နှစ်စီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း ၂၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို  ချင်းကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များသည် မေလ ၄ ရက်နှင့် မေလ ၅ ရက်နေ့များတွင်  မိုင်တိုင် ၂၆ နှင့် မိုင်တိုင် ၂၀ တို့တွင် စစ်ကောင်စီယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၈ ဦး သေဆုံးခဲ့သည်။
 ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သူရဲကောင်းရှစ်ဦးကျဆုံးခဲ့၍ တိုင်းပြည်နှင့်လူမျိုးအတွက်ပေးဆပ်ခဲ့ ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
မေလ ၆ ရက်နေ့က ၁၆ မိုင်အကျော်တွင် ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၇ ရက်နေ့ မိုင်းရှင်းလင်းစဉ် CNDF မှ ရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်ကာ ထပ်မံ ကျဆုံးခဲ့ရ သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် အဆိုပါရက်များအတွင်း ရမ်ထလိုကျေးရွာရှိ နေအိမ် ၁၀ လုံးနှင့် တလန်ဇာရ်ကျေးရွာရှိ နေအိမ် ၁၇လုံး အား မီးရှို့ဖျက်ဆီးခဲ့သည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မေလ ၇ ရက် မွန်းလွဲ ၂ နာရီတွင် ဖလမ်းမြို့ တပ်ကုန်းသို့ ရောက်ရှိ သွားခဲ့ပြီး ၎င်းမှတဆင့် မေလ ၉ ရက်နေ့မှစတင်ကာ ဖလမ်းမှကလေးမြို့သို့ ထွက်ခွာလျက်ရှိကြောင်း သိရ သည်။

#Mizzima
#ချင်းပြည်နယ်
#ဖလမ်း-ဟားခါးလမ်း
#၃ရက်တာတိုက်ပွဲ
#စစ်ကောင်စီတပ်သား
#၂၆ဦးသေဆုံး 
#CNDF
#ထုတ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly