ယန်စီကုမ္ပဏီလုပ်ကိုင်နေသော ကြေးစင်တောင်နှင့်နီးစပ်သည့် ကျေးရွာ ၉ ရွာမှပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင် နေရ

ယန်စီကုမ္ပဏီလုပ်ကိုင်နေသော ကြေးစင်တောင်နှင့်နီးစပ်သည့် ကျေးရွာ ၉ ရွာမှပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင် နေရ

မေ ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ယန်စီကုမ္ပဏီလုပ်ကိုင်နေသော ကြေးစင်တောင်နှင့်နီးစပ် သည့် ကျေးရွာ ကိုးရွာမှ ပြည်သူ ၃,၀၀၀ ကျော်သည် မေလ ၉ ရက်နေ့ နံနက် ၅ နာရီက စတင်၍ စစ်ဘေး ရှောင်နေရကြောင်း သိရသည်။

ကြေးစင်တောင်အနီးရှိ ရွှေပန်းခိုင်၊ သဲတောကြီး၊ မြရိပ်၊ ရေကြည်ပင်၊ ဒုန်းတော၊ ဂုဏ်တော ၊ ကျေးစာကျ၊ ရွာသာ၊ ကံကုန်း စသည့်ကျေးရွာများမှ ပြည်သူများသည် စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်ဦးရေ ၃,၀၀၀ အထက်ရှိကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“မနေ့က ရွှေပန်းခိုင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ တယ်။ မနက် ၅ နာရီ ဝန်းကျင်လောက်မှာပဲ ရွှေပန်းခိုင်ရွာထဲမှာရှိတဲ့ စစ်သားတွေကလှုပ်ရှားမှု စတင်ခဲ့ တယ်။ ရွာကနေထွက်ခါနီးမှာ သေနတ်တွေပစ်ဖောက်တာတွေရှိတယ်။ အဲ့ဒီအချိန်ကစပြီး ယန်စီကုမ္ပဏီ (MYTCL)နဲ့ နီးစပ်ရာ ကျေးရွာတွေ အကုန်ရှောင်ရပါတယ်။ စစ်ကောင်စီ အင်အား ၁၀၀ လောက်က တစ်ရွာ ဝင်တစ်ရွာထွက်နဲ့ ပြည်သူပိုင်နေအိမ်တွေကို မွှေနှောက်တာတွေ၊ ဖျက်ဆီးတာတွေပြုလုပ်ပြီး စစ်ကြောင်း ထိုးရှင်းလင်းနေတယ် ” ဟု ဒေသခံ ပအဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာတွင် စစ်ကောင်စီတပ်များတပ်စွဲထား၍ ဒေသခံပြည်သူများစစ်ဘေး ရှောင်နေရကြပြီး ကာလကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲများစွာရင်ဆိုင်နေကြောင်း သိရသည်။

ဆားလင်းကြီး-ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ဒေသတွင်း ကြေးနီစီမံကိန်းများဖော် ဆောင်လာပါက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ဘဏ္ဍာရေသောက်မြစ် လက်တက်တစ်ခု ကို ဆွဲနုတ်ဖယ်ရှားရန်အတွက် မည်သည့်တိုက်ခိုက်ရေး နည်းလမ်းမဆို ကျင့်သုံး၍ တိုက်ခိုက်သွားမည်ဖြစ် ကြောင်း ဧပြီ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ကြေးစင်တောင်

#ယန်စီကုမ္ပဏီ

#ပြည်သူ၃၀၀၀ကျော်

#စစ်ဘေးရှောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly