မြန်မာ့အရေးမှာ အာဆီယံဘုံသဘောတူညီချက် အလုပ်ဖြစ်မှာလား(ဆောင်းပါး)

10 May 2022
မြန်မာ့အရေးမှာ အာဆီယံဘုံသဘောတူညီချက် အလုပ်ဖြစ်မှာလား(ဆောင်းပါး)

စစ်ကောင်စီအနေနဲ့ အာဆီယံနဲ့အတူ ပူးပေါင်းဆောင်ရွက်တာမတွေမလုပ်ဘဲ ဒီအတိုင်းဆက်နေမယ်ဆိုရင် အမျိုးသား ညီညွတ်ရေးအစိုးရ ခေါ် အန်ယူဂျီနဲ့ ထိတွေ့ဆက်ဆံတာမျိုး အာဆီယံကလုပ်သင့်တယ်ဆိုတဲ့ အဆိုပြုမှု မလေးရှားကနေ အသံထွက်လာပါတယ်။ ‘ငါးရံ့ပြာလူး’ခံလိုက်ရသလိုပဲ စစ်ကောင်စီနိုင်ငံခြားရေးက မလေးရှားအစိုးရပြောဆိုမှုကို စိတ်ဆိုးမာန်ဆိုး ကန့်ကွက်ကြောင်းတုံ့ပြန်ပါတယ်။ စကားလုံးလေးနဲ့တင်ရှိသေး၊ အတော်လေး အထိနာသွာပုံရတာ ပေါ်လွင်တယ်။ အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ်ဆိုတာဟာ အမှန်တော့ မြန်မာပြည်သူလူထုနဲ့ နိုင်ငံတွင်း တော်လှန်ရေး အခြေအနေအရဆို သိပ်ကျေနပ်လောက်စရာအချက်တွေ မဟုတ်ပါ။ စစ်ကောင်စီကို ဈေးလျှော့ပေးထားသလိုတောင် ဖြစ်နေပါသေးတယ်။ ဆိုတော့ကာ… အာဆီယံ ဘုံသဘောတူညီချက်တွေဆိုတာ ဘာတွေများလဲ၊ ပြန်ကြည့်ကြည့်ရအောင်။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly