တရုတ်နိုင်ငံ ဟန်ကျိုးတွင် ကျင်းပမည့် Asian Games 2022 ကို ရွှေ့ဆိုင်း

တရုတ်နိုင်ငံ ဟန်ကျိုးတွင် ကျင်းပမည့် Asian Games 2022 ကို ရွှေ့ဆိုင်း

တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားသည့် အာရှနို်ငငံများ၏ ၁၉ ကြိမ်မြောက် Asian Games 2022 ကို ရွှေ့ဆိုင်းထားရန် အာရှအိုလံပစ်ကောင်စီ (OCA) ၏ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်လိုက်သည်။

တရုတ်အိုလံပစ်ကောင်စီ (COC) နှင့် အာရှဂိမ်းကျင်းပရေး ကော်မတီ (HAGOC) တို့က အသေးစိတ် ဆွေးနွေး ပြီးနောက် ယခုဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အိုလံပစ် ပြိုင်ပွဲ ကျင်းပမည့် ကာလကို OCA၊ COC နှင့် HAGOC တို့အကြား သဘောတူညီချက်ရယူကာ မကြာမီ ကြေညာပေးသွားမည်ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားသည့် အခြေအနေ၊ ဂိမ်းပွဲတော် အရွယ်အစားတို့ကို သေချာစွာ စဉ်းစား၍ သက်ဆိုင်ရာအဖွဲ့အစည်းများက ယခုဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ၏ အွန်လိုင်းဂိမ်းအားကစား ဖက်ဒရေးရှင်း ဒါရိုက်တာနှင့် အာရှအွန်လိုင်းဂိမ်းဖက်ဒရေးရှင်း (AESF) ၏ ဒုက္ကဋ္ဌဖြစ်သူ လိုကက်ရှ် စူဂျီက အားကစားသမားများ အဆင်ပြေစေရေးသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်နေသောကြောင့်
ယခုဆုံးဖြတ်ချက်ဖြစ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အွန်လိုင်းဂိမ်းအားကစားအား Asian Games 2022 တွင် စတင် ယှဉ်ပြိုင်ရန် အစီအစဉ်များ ရေးဆွဲထားသည်။ ယင်းအားကစားကို ၂၀၁၈ ခုနှစ်က ခေါင်းစဉ်အဖြစ် စတင် အဆိုပြုခဲ့သည်။ အွန်လိုင်း ဗီဒီယိုဂိမ်း FIFA22 ပြိုင်ပွဲဝင်အားကစားသမား ချာရန်ဂျော့ဆင်းက ပြိုင်ပွဲကို ရွှေ့ဆိုင်းထားသော်လည်း လေ့ကျင့်မှုများကို ဆက်လုပ်သွားမည်ဟု ပြောကြးသည်။

အွန်လိုင်းဂိမ်းအားကစားကို ၁၉ ကြိမ်မြောက် Asian Games 2022 တွင် တရားဝင် အားကစားတစ်မျိုးအဖြစ် သတ်မှတ်ကာ ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဟု အာရှအိုလံပစ်ကောင်စီက ကြေညာထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly