တရုတ်၏ ပြည်နယ်အဆင့်ဒေသ ၁၀ ခုတွင် ၂၀၂၁ ခုနှစ်၌ လူဦးရေ ကျဆင်းခဲ့

တရုတ်၏ ပြည်နယ်အဆင့်ဒေသ ၁၀ ခုတွင် ၂၀၂၁ ခုနှစ်၌ လူဦးရေ ကျဆင်းခဲ့

လူဦးရေနှင့်စပ်လျဉ်း၍ နိုင်ငံတစ်ဝန်း စိုးရိမ်မှုများရှိနေသည့်အကြားက တရုတ်နိုင်ငံ၏ ပြည်နယ်အဆင့်ဒေသ ၁၀ ခု၏လူဦးရေသည် ၂၀၂၁ ခုနှစ်တွင် ကျဆင်းသွားခဲ့ကြောင်း စာရင်းအင်းအာဏာပိုင်များက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဟေလောင်ကျန်းပြည်နယ်တွင် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက အမြဲတမ်းနေထိုင်သူ ၄၆၀ ၀၀၀ ဦးလျော့နည်းသွားခဲ့ပြီး နိုင်ငံတစ်ဝန်း အသိသာဆုံး လူဦးရေကျဆင်းမှုဖြစ်သည်။

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေနှင့် ရှန်းရှီးပြည်နယ်များနှင့် အနောက်မြောက်ပိုင်း ကျန်းစုပြည်နယ်တို့တွင်လည်း အလားတူကာလ၌ လူဦးရေ ၁၀၀ ၀၀၀ ထက်မနည်း လျော့နည်းသွားကြောင်း Global Times ကဖော်ပြသည်။

တရုတ်နိုင်ငံ၏လူဦးရေသည် ၂၀၂၁ ခုနှစ်အကုန်တွင် ၁ ဒသမ ၄ ဘီလီယံအထိရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၄၈၀ ၀၀၀ ဦး တိုးလာခဲ့ကြောင်း နိုင်ငံ့စာရင်းအင်းဗျူရို NBD) အရ သိရသည်။ သို့သော် အိမ်ထောင်ပြုသူအရေအတွက် အဆက်မပြတ်လျော့နည်းနေခြင်းကြောင့် ကလေးမွေးဖွားမှုနှုန်း
ကျဆင်းနေကာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးမြို့တော်၏ လူဦးရေဆိုင်ရာပြဿနာသို့ တဖြည်းဖြည်း ဦးတည်လာလိမ့်မည်ဟု ဆိုကြသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က လက်ထပ်ထိမ်းမြားသည့်အရေအတွက်သည် ၃၆ နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားပြီး နိုင်ငံ၏ လူဦးရေပြဿနာကို ပိုမိုဆိုးရွားစေခဲ့သည်။

ယင်းအချက်အလက်များအရ တရုတ်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းကို သက်ရောက်စေလိမ့်မည်ဟု လေ့လာဆန်းစစ်သူများက ခန့်မှန်းထားကြသည်။

တရုတ်ပြည်မကြီး၏ လူဦးရေသည် ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း ပျမ်းမျှအားဖြင့် နှစ်စဉ် ၀ ဒသမ ၅၃ ရာခိုင်နှုန်း တိုးကြောင်း ၂၀၂၀ ခုနှစ်က ပြုလုပ်သည့် ၇ ကြိမ်မြောက် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ သိရသည်။

ဖြစ်ပေါ်လာမည့် လူဦးရေပြဿနာကို ရှောင်လွှဲနိုင်ရန် တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒကို လျှော့ပေါ့ပေးခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းမှာ ကျဆင်းလျက်ရှိသည်။

တရုတ်နိုင်ငံတွင် ဇနီးမောင်နှံများအား ကလေး ၃ ဦးအထိ ယူခွင့်ပြုမည့် လူဦးရေနှင့်မိသားစု စီမံကိန်းဆိုင်ရာဥပဒေသစ်ကို ယမန်နှစ်က ထုတ်ပြန်ခဲ့သည်။

သန်းခေါင်စာရင်းအချက်အလက်များအရ အသက် ၆၀ နှစ်အထက် လူဦးရေသည် ၂၆၄ သန်းရှိကာ ၁၈ ဒသမ ၇ ရာခိုင်နှုန်းတိုးလာသောကြောင့် တရုတ်၏လူဦးရေပြဿနာသည် ပိုဆိုးလာဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

တရုတ်နိုင်ငံ၏ စုစုပေါင်း လူဦးရေသည် ၂၀၀၀ ခုနှစ်နောက်ပိုင်း ၁ ဒသမ ၂၇ ဘီလီယံမှ ၁ ဒသမ ၃၄ ဘီလီယံအထိ ရှိလာကာ ၅ ဒသမ ၈ ရာခိုင်နှုန်းသာတိုးခဲ့ပြီး ၁၉၉၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်အတွင်းက သန်းခေါင်စာရင်းများအရ လူဦးရေးတိုးနှုန်းမှာ ၁၁ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ကာ ၂ ဆနီးပါး တိုးခဲ့ကြောင်း The Singapore Post က ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly