မုံရွာမြို့ နည်းပညာတက္ကသိုလ်၌ တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တ်ိုက်ခ်ိုက်ခံရ၍ ၃ ဦးသေဆုံး

09 May 2022
မုံရွာမြို့ နည်းပညာတက္ကသိုလ်၌ တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တ်ိုက်ခ်ိုက်ခံရ၍ ၃ ဦးသေဆုံး

မေ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း South Monywa PDF တာဝန်ရှိသူထံက သိရသည်။

မုံရွာမြို့ရှိ နည်းပညာတက္ကသ်ိုလ်အတွင်းသို့ မေလ အစောပိုင်းရက်များက စစ်ကောင်စီတပ် အင်အားအများအပြား ရောက်ရှိနေကြောင်း သတင်းရရှိ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ မေလ ၈ ရက်တွင် တစ်ရက်တည်း နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“GTC ထဲမှာ စကစ(စစ်ကောင်စီတပ်ဖွဲ့) ဘက်က အင်အားအများအပြားနဲ့ ရောက်နေတယ်ဆိုတာ အရင်ရက်ကတည်းက သတင်းပေးထားတာရှိတယ်။ မနေ့ကတော့ အဲ့ဒီဘက်မှာ မစ်ရှင်တစ်ခုလုပ်ရင်း လမ်းကြုံတာရယ် လက်လှမ်းမီတဲ့ နေရာမှာ ရှိနေတာရယ်ကြောင့် ဘန်ကာခုံတန်းနားမှာ ထ်ိုင်နေတဲ့ စစ်ကောင်စီတပ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ညပိုင်းမှာလည်း ၄၀ မမ နဲ့ ရှစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” ဟု South Monywa PDF မှ တာဝန်ရှိသူက ပြောသည်။

မုံရွာ GTC ကျောင်းဝင်းအတွင်းရှိ စစ်ကောင်စီတပ်ကို မေ ၈ ရက် ညပိုင်းတွင် ၄၀ မမ ဖြင့် နေရာနှစ်နေရာမှ ရှစ်ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

ကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမကျည်ဖြင့် ပစ်ခတ်ခဲ့ရာမှ ထွက်ပေါ်လာသည့် မီးတန်းထွက်ရာ နေရာကို စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးအပါအဝင် သေနတ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ယနေ့ မေလ ၉ ရက် မနက်ပိုင်း စုံစမ်းသိရှိရသည့် သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

“ကျွန်တော်တို့အားလုံး နယ်မြေစိုးမိုးမှု ရရှိဖို့ ကြိုးစားနေကြပါတယ်။ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေ ဝပ်ကျင်းက ထွက်လာတာနဲ့ လုံခြုံမှု မရှိဘူးဆိုတာထက်ပိုပြီး ဝပ်ကျင်းထဲမှာနေရင်ကို လုံခြုံမှုမရှိဘူးဆိုတာမျိုးအထိ တက်လှမ်းနိုင်အောင် ကြိုးစားနေကြပါတယ်။ ပြည်သူအားလုံး ကျွန်တော်တို့ ဘက်မှာ ရှိနေသရွေ့ ပံ့ပိုးထောက်ပံ့နေသရွေ့ စခ(စစ်ကောင်စီတပ်ဖွဲ့)တွေ အတုံးအရုံးသေနေအုံးမှာပါပဲ” ဟု South Monywa တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီက မုံရွာမြို့အတွင်း အင်အားအများအပြားအသုံးပြုကာ ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူများကို ဖိနှိပ်ရန်ကြိုးစားနေကြောင်း၊

ကာကွယ်ရေးတပ်ဖွဲ့များကလည်း ပြန်လည်မရန်ိုင်မည့် အသက်ပေးကာ ကျရာနေရာကနေ စစ်ကောင်စီတပ်ကို တိုက်ထုတ်နေသည့်အတွက် ပြည်သူများက တော်လှန်စိတ်ဖြင့် ဆက်လက် ထောက်ပံ့ကူညီပေးကြစေချင်ကြောင်းလည်း PDF South Monywa တာဝန်ရှိသူက ပြောကြားသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#နည်းပညာတက္ကသ်ိုလ်

#SouthMonywaPDF

#စစ်ကောင်စီတပ်ဖွဲ့

#ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly