ဘဏ်အကျပ်အတည်း ဘယ်တော့ပြေလည်နိုင်မလဲ

09 May 2022
ဘဏ်အကျပ်အတည်း ဘယ်တော့ပြေလည်နိုင်မလဲ

အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်လာတဲ့ ငွေသားရှားပါးမှု ပြဿနာဟာ အခုချိန်ထိ ပြေလည်မှု မရှိသေးပါဘူး။ ဘဏ် ထဲမှာ ကိုယ်ပိုက်ဆံရှိပေမယ့်လည်း ငွေသားထုတ်ယူဖို့ ခက်ခဲနေဆဲပါ။စစ်အုပ်စုအာဏာသိမ်းတာ ၁နှစ်ကျော်လာပြီဖြစ်ပေမယ့် လည်း အခုချိန်ထိကိုယ်ပိုက်ဆံကိုယ် ထုတ်လို့မရသေးပါဘူး ဒီလိုဘဏ်စနစ်အကျပ်အတည်းတွေ ဖြစ်ရတာဟာ ဘဏ်တွေကို မယုံကြည်ကြလို့ဖြစ်တာလို့ ယေဘုယျပြောလို့ ရပေမယ့် မြန်မာနိုင်ငံက ဘဏ်အစနစ် ကျပ်အတည်းမှာတော့ ပြည်သူတွေရွေးချယ်မှုနဲ့ ဖြစ်လာတဲ့ အစိုးရအဖွဲ့ကို လက်နက် အားကိုး နဲ့ အာဏာလုယူခဲ့တဲ့ စစ်အုပ်စုကို ပြည်သူက မယုံကြည်ရာကနေ ဘဏ်တွေအကျပ်အတည်း ဖြစ်လာတာပါ။
စစ်အုပ်စု အာဏာလုတဲ့ ဖေဖော်ဝါရီ (၁)ရက်နေ့ကစလို့ ဘဏ်ဝန်ထမ်းတွေ သပိတ်မှောက်ပြီး CDM စတင်လုပ် ဆောင်ရာကနေ ဘဏ်လုပ်ငန်းတွေ မလည်ပတ်တော့လို့ ATM တွေကနေ ငွေသားကို ထုတ်ယူရပါတယ်။ ဒီလို ATM က ထုတ်လာရာကနေ ငွေသားတဖြည်းဖြည်းလိုအပ်လာပါတယ်။ဘဏ်လုပ်ငန်းတွေကလည်း အပြည့်အဝ မလည်ပတ်နိုင်သေးပါဘူး။
ဒီအချိန်မှာဘဲ မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီဗဟိုဘဏ်က ပုဂ္ဂလိက ငွေစရင်းတွေ ရော ကုမ္ပဏီငွေစရင်း တွေပါ ငွေသားထုတ်တာကို ကန့်သတ်လိုက်ပါတယ်။ လူပုဂ္ဂိုလ်တွေ ကိုယ့်ဘဏ်ထဲမှာ အပ်ထားတဲ့ ငွေထုတ်ယူ တဲ့အခါ ATM ကနေ ငွေသားထုတ်ယူမှုကို တစ်ရက်ကို အများဆုံးကျပ် ၅ သိန်းနဲ့ ၊ ဘဏ်ကိုသွားပြီး ကိုယ့်ရဲ့ ဘဏ်စာရင်းတွေက ငွေထုတ်မယ်ဆိုရင်တော့ လူတစ်ဦးကို တပတ် အများဆုံး ကျပ် သိန်း ၂၀ အထိသာ ထုတ်ခွင့် ပေးဖို့ ဘဏ်တွေကို ဗဟိုဘဏ်ကနေ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly