တရုတ် ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီ ၃ ခု၏ ရောင်းအား ၄၀ ရာခိုင်နှုန်း ကျဆင်း

တရုတ် ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီ ၃ ခု၏ ရောင်းအား ၄၀ ရာခိုင်နှုန်း ကျဆင်း

တရုတ်နိုင်ငံသည် အရေးပါသော စီးပွားရေးပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းနေရစဉ်တွင် ထိပ်တန်း တရုတ်အိမ်ခြံမြေကုမ္ပဏီ ၃ ခုသည် ရောင်းအား ၄၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း အချက်အလက် အစီရင်ခံစာတစ်ခု၌ ဖော်ပြထားသည်။

ဇန်နဝါရီနှင့် ဧပြီလ၏ ပထမ ၄ လအတွင်း တရုတ်နိုင်ငံရှိ အိမ်ခြံမြေကုမ္ပဏီများ၏ ၄၀ ရာခိုင်နှုန်းကျော်သည် ရောင်းအား ကျဆင်းသွားခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြသည်။

အိမ်ခြံမြေကုမ္ပဏီ ၃ ခု၏ရောင်းအားသည် ဒေါ်လာ ၆၄ ဘီလီယံရှိခဲ့ပြီး ယမန်နှစ်ထက် သိသိသာသာကျဆင်းခဲ့သည်။

ကူးစက်မှုမြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံသားများအပေါ် ချမှတ်ထားသော ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒက စီးပွားရေးမပြေလည်မှုကို ထပ်တိုးလာစေခဲ့သည်။ ဧပြီလတွင် ကန့်သတ်ချက်များနှင့် အသွားအလာပိတ်ဆို့မှုများ ထပ်တိုးလာခြင်းကလည်း စီးပွားရေးမကောင်းရခြင်း၏အကြောင်းရင်းဖြစ်သည်။

တရုတ်-အမေရိကန်အရေးကျွမ်းကျင်သူအချို့က ဆိုးရွားလှသော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပြောင်းလဲပစ်ရန် လူမှုမီဒီယာမှတစ်ဆင့် တရုတ်အာဏာပိုင်များကို တိုက်တွန်းခဲ့ကြသည်။

အစုလိုက်အပြုံ ဓာတ်ခွဲစမ်းသပ်မည့်အစား အသွားအလာကန့်သတ်ခြင်းနှင့် ရောဂါအမြန်စမ်းသပ်ခြင်းတို့ကို လုပ်ဆောင်သင့်ကြောင်း အာဏာပိုင်များကို တောင်းဆိုထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက “တရုတ်ဟာ နှေးကွေးပြီး ပျက်စီးလွယ်တဲ့ စီးပွားရေးကို ရင်ဆိုင်နေရပါတယ်။ အမေရိကန်နဲ့ တခြားလက်တစ်ဆုပ်စာနိုင်ငံတွေက သူတို့ ကိုယ်ကျိုးစီးပွားကိုပဲ လုပ်နေပြီး တစ်ဖက်သတ်အရေးယူမှုတွေကို မျက်စိမှိတ်ပြီး ထပ်တိုးလုပ်ဆောင်နေကြပါတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ လူပေါင်း သန်း ၃၀၀ ကျော်သည် အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း အသွားအလာပိတ်ဆို့ခံထားရသည့် မြို့ကြီးဒါဇင်ပေါင်းများစွာနှင့်အတူ ကိုဗစ်ကြောင့် ကန့်သတ် ထိန်းချုပ်မှုအောက် ရောက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly