“နွေဦးတော်လှန်ရေးနဲ့ စစ်အုပ်စုရဲ့ငစိန်ကျည်ဆန်”

07 May 2022
“နွေဦးတော်လှန်ရေးနဲ့ စစ်အုပ်စုရဲ့ငစိန်ကျည်ဆန်”

အကြမ်းဘက်အာဏာလုစစ်အုပ်စု အဆက်ဆက်ဟာ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကို ပြည်သူ့စစ်မဟာဗျူဟာ၊ ဖြတ်လေးဖြတ် စစ်နည်းဗျူဟာ တွေနဲ့ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အစဉ်တစိုက် ကျိုးပမ်းအားထုတ်ခဲ့ကြပါ တယ်။
ဒါပေမဲ့ ဒီကနေ့အထိ မအောင်မြင်သေးတဲ့အပြင် ၂၀၂၁ ခုနှစ် နှစ်ဦး ပိုင်းမှာစတင်ခဲ့တဲ့ မြန်မာ့နွေဦးတော်လှန်ရေးကတော့ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံအားပေးမှုတွေနဲ့အတူ တပြည်လုံးအနှံ့၊ အရှိန်အဟုန် ပြင်းပြင်းနဲ့ ချီတက်နေဆဲဖြစ်ပါတယ်။
အကြမ်းဘက်စစ်အုပ်စုဟာ သူတို့ရဲ့ “ဖြတ်လေးဖြတ်” နည်းဗျူဟာ အရ ပြောက်ကျားတပ်ဖွဲ့တွေကို ရိက္ခာဖြတ်၊ ဝင်ငွေဖြတ်၊ သတင်းဖြတ်၊ လူထုနဲ့အဆက်အသွယ်ဖြတ်ဖို့ အမျိုးမျိုး ကျိုးပမ်းအားထုတ်ခဲ့ကြပေမဲ့ ဒေသခံပြည်သူလူထုနဲ့ သူတို့ရဲ့ သွေးသားအရင်းတွေဖြစ်တဲ့ ပြောက်ကျား တွေကို ဘယ်လိုမှခွဲထုတ်လို့ မရနိုင်တဲ့အဆုံးမှာ အခြေခံဒေသအတွင်းမှာ ရှိတဲ့ ကျေးရွာမှန်သမျှကို လက်နက်ကြီးတွေနဲ့ပစ်၊ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ပြီး၊ ခြေလျှင်စစ်ကြောင်းတွေက တရွာဝင်တရွာထွက်နဲ့ မြေလှန် မီးရှို့ဖျက်ဆီးကာ “ကန်မရှိ-ရေမရှိ-ငါးမရှိ” ဆိုတဲ့ စစ်နည်းဗျူဟာသစ်ကို စတင်သုံးစွဲနေကြပြီ ဖြစ်ပါတယ်။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly