ဒါရိုက်တာ မောင်သီ ဖမ်းဆီးခံရ

ဒါရိုက်တာ မောင်သီ ဖမ်းဆီးခံရ

မေ ၇

ရန်ကုန်မြို့၌ ဒါရိုက်တာမောင်သီ အပါအဝင် သုံးဦးအား မေလ ၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီ ဝါဒဖြန့် ဖေ့ဘုတ်စ် အကောင့်များ၊ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားမှုများ ရှိနေသည်။

ဒါရိုက်တာမောင်သီ ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်းနှင့် အသေးစိတ်ကို မသိရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူက မဇ္ဈိမကို အတည်ပြုပြောသည်။

" CRPH ၊ NUG အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်နေသည့် အတွက် စမ်းချောင်းမြို့နယ်နေ သန်းလွင် (ခ) ဒါရိုက်တာမောင်သီနှင့်အတူ ဖေ့ဘုတ် အသုံးပြုသူ သုံးဦးတို့အား အကြမ်းဖက် စစ်ကောင်စီမှ တရားဥပဒေနှင့် အညီ ဖမ်းဆီး ထိန်းသိမ်း အရေးယူထားသည်” ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။

စစ်တပ် ဝါဒဖြန့် "Han Nyein Oo" တယ်လီဂရန် ချန်နယ်တွင် "သင်္ကြန်ရေအစား အက်ဆစ်နဲ့ ပက်ခိုင်းတဲ့ ဒါရိုက်တာမောင်သီ အင်းစိန်သို့ ထမင်းစားဖိတ်" ဟု ရေသားကာ ယနေ့ မေလ ၇ ရက်နေ့တွင် ဓာတ်ပုံများ တင်ခဲ့သည်ကို တွေ့ရသည်။

သို့သော် "Han Nyein Oo" အသုံးပြုထားသည့် "အူးသီ၊ ဒါရိုက်တာ မောင်သီ" အစရှိသည့် screenshot များသည် ဒါရိုက်တာ မောင်သီ၏ ဖေ့ဘုတ်စ် မဟုတ်ဘဲ "ဗိုလ်စလုံး"အမည်ရှိ PDF တော်လှန်ရေး တပ်သား တစ်ဦး၏ ဖေ့ဘုတ်စ် အကောင့်သာ ဖြစ်ကြောင်း တွေ့ရသည်။

#ဒါရိုက်တာမောင်သီ

#Han Nyein Oo

# CRPH

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly