ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဘယ်သူ့အတွက်လဲ

06 May 2022
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဘယ်သူ့အတွက်လဲ

နောက်တစ်ကြိမ် ထပ်ပြီးတော့ ပြစ်မှုကျူးလွန်မယ်ဆိုရင် ကျူးလွန်တဲ့ပြစ်မှုရဲ့ ပြစ်ဒဏ်အပြင် လက်ရှိကျခံဖို့ ကျန် နေသေးတဲ့ ပြစ်ဒဏ်တွေကိုပါ တပေါင်းတည်း ဆက်ပြီးကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ စစ် ကောင်စီ က မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ခဲ့ပါတယ် ။ ဒီကြေညာချက်အရ အကျဉ်းထောင်အသီးသီးက အကျဉ်းသား ၁၅၇၇ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား ၄၂ ယောက် ကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာပါ ။ ဒါပေမယ့် အခုလွှတ်လိုက်တဲ့ အကျဉ်းသားတွေထဲမှာ ပုဒ်မ ၅၀၅ လို နိုင်ငံရေးအမှုတွေနဲ့ ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မပါဝင်ပါဘူး ။ ခိုးမှု ၊ လုယက်မှု စတဲ့ ရာဇဝတ်မှု တွေနဲ့ ထောင်ကျခံနေရတဲ့ ရာဇဝတ်သားတွေကိုသာ လွတ်လာခဲ့တာဖြစ်ပါတယ် ။ ဒီတော့ စစ်ကောင်စီရဲ့ ပြစ် ဒဏ်လွတ်ငြိမ်းခွင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ ၊ ဒီလွတ်ငြိမ်းခွင့်က ဘယ်သူ့အတွက် ပါလဲ။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly