အမေရိကန်က တရုတ်၏ ဒစ်ဂျစ်တယ်အာဏာရှင်ဝါဒကို တန်ပြန်ရန် ကမ္ဘာလုံးဆိုင်ရာအင်နက်စည်းမျဉ်းသစ် ထုတ်ပြန်

အမေရိကန်က တရုတ်၏ ဒစ်ဂျစ်တယ်အာဏာရှင်ဝါဒကို တန်ပြန်ရန် ကမ္ဘာလုံးဆိုင်ရာအင်နက်စည်းမျဉ်းသစ် ထုတ်ပြန်

တရုတ်နိုင်ငံ၏ဒစ်ဂျစ်တယ်အာဏာပြဝါဒ ကြီးထွားလာမှုကို ရင်ဆိုင်နေရချိန်တွင် အမေရိကန်နှင့် အခြားသော မိတ်ဖက်နိုင်ငံပေါင်း ၆၀ တို့သည် ကမ္ဘာလုံးဆိုင်ရာအင်တာနက်စနစ်ကို မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ၎င်းတို့၏ကတိကဝတ်ကို အတည်ပြုသော နိုင်ငံရေးကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်သည်။

“အင်တာနက်အနာဂတ်အတွက် ကြေညာစာတမ်း” ကို ဧပြီ ၂၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံက ကမကထပြုသော သို့မဟုတ် လျစ်လျူရှုခံရသော ရက်စက်သည့် ပြုမူလုပ်ဆောင်ပုံများ ကြီးထွားလာနေချိန်တွင် လူသားအားလုံးအတွက် တစ်ခုတည်းသော အချင်းချင်းချိတ်ဆက်သည့် ဆက်သွယ်ရေးစနစ်အဖြစ် ရပ်တည်လာစေရန် စီစဉ်ထားသည်။

ဘိုင်ဒင်အစိုးရအရာရှိ ၂ ဦး၏ အဆိုအရ ရုရှားနှင့်တရုတ်ကဲ့သို့ နိုင်ငံများ၏ အန္တရာယ်ရှိသောပုံစံသစ်နှင့် အင်တာနက်မူဝါဒကို တန်ပြန်ရန် ခြေလှမ်းနေချိန်တွင် “အင်တာနက်အနာဂတ်အတွက် ကြေညာစာတမ်း” သည် လူ့အခွင့်ရေးကို ကာကွယ်ပေးခြင်း၊ သတင်းအချက်အလက်လွတ်လပ်စွာစီးဆင်းမှုကို အားပေးခြင်း၊ သုံးစွဲသူများ၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုကာကွယ်ပေးခြင်း၊ ကြီးထွားလာသော ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်စီးပွားရေး အတွက် စည်းမျဉ်းများ ချမှတ်ခြင်းများ ထည့်သွင်းထားသည်။

“ဤကြေညာစာတမ်းသည် အင်တာနက်နှင့် ဒစ်ဂျစ်တယ်နည်းပညာများအတွက် အပြု သဘောဆောင်သော အမြင်များကို မြှင့်တင်ရန် လက်မှတ်ထိုးထားသည့် မိတ်ဖက်များအကြား နိုင်ငံရေးကတိကဝတ်ကို ကိုယ်စား ပြုသည်” ဟု ဖော်ပြထားသည်။

တရုတ်နှင့်ရုရှားကဲ့သို့သော အာဏာရှင်နိုင်ငံများသည် နည်းပညာနှင့်အတွေးအခေါ်အရ ဒီမိုကရေစီနိုင်ငံများနှင့် သဟဇာတမဖြစ်သော ၎င်းတို့ကိုယ်ပိုင်နည်းပညာများနှင့် စံနှုန်းများကို ချမှတ်နေမှုနှင့်အတူ ကမ္ဘာကြီးသည် အမျိုးမျိုးသော နည်းပညာနယ်ပယ်များအဖြစ်သို့ ကွဲထွက်လျက်ရှိသည်ဟု အမေရိကန်ထောက်လှမ်းရေးအဖွဲ့ ဒါရိုက်တာဟောင်း ဒင်းနစ်ဘလဲက ပြောကြားပြီး ရက်သတ္တများစွာအကြာတွင် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် စည်းမျဉ်းကြေညာစာတမ်းထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားသည် ယူကရိန်းကို စတင်ကျူးကျော်ချိန်က ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုပေးသူ၏ ကွန်ရက်သို့ ချိုးဖောက်မှုအပါအဝင် ရုရှားကို ကျူးကျော်ပြီးကတည်းက ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သည်။ အစိုးရတာဝန်ရှိသူများက အားထုတ်မှုအသစ်သည် ဆိုက်ဘာစစ်ပွဲကို ရင်ဆိုင်ရန် ကြိုးပမ်းမှုမဟုတ်ဟု ဆိုသည်။

ယခုကြေညာစာတမ်းသည် ပွင့်လင်းပြီး လွတ်လပ်သောဝက်ဘ်ဆိုက်တစ်ခုအတွက် ဒီမိုကရေစီမဟာမိတ်များ ပေါင်းစည်းကြရန်ဟူသော ယမန်နှစ်က အိမ်ဖြူတော်၏ကြိုးပမ်းအားထုတ်မှုများကို မွမ်းမံထားသော ပုံစံတစ်ခုဖြစ်သည်။ အမေရိကန်နှင့်အတူ ပါဝင်လက်မှတ်ရေးထိုးကြသော နိုင်ငံများတွင် အီးယူအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ အာဂျင်တီးနား၊ ကနေဒါ၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ဂျပန်၊ ဗြိတိန်နှင့် ယူကရိန်းနိုင်ငံတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly