ရန်ကုန်မြို့၌ "သက္ကရာဇ်နှစ် ပြောင်းကာသွားလည်း သွေးကြွေးအတွက်တော့ အကြွေးတောင်းရမယ်" စာတန်း ချိတ်ဆွဲ

06 May 2022
ရန်ကုန်မြို့၌ "သက္ကရာဇ်နှစ် ပြောင်းကာသွားလည်း သွေးကြွေးအတွက်တော့ အကြွေးတောင်းရမယ်" စာတန်း ချိတ်ဆွဲ

ရန်ကုန်မြို့ တစ်နေရာ၌ ယနေ့ မေလ ၆ ရက်နေ့တွင် "သက္ကရာဇ်နှစ် ပြောင်းကာသွားလည်း သွေးကြွေးအတွက်တော့ အကြွေးတောင်းရမယ်" စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လုံခြုံရေး တင်းကျပ်မှုများကြားက ယနေ့ ရန်ကုန်မြို့တွင်း တစ်နေရာ၌ စာသား ချိတ်ဆွဲခြင်း၊ပြည်သူလူထုအား သွေးမအေးရန် လှုံ့ဆော်သောစာ ကြဲချခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းလှုပ်ရှားမှုတွင် စမ်းချောင်း ပင်မသပိတ်စစ်ကြောင်း(Sc Strike )၊Revolution Force(RF)၊Labour Alliance အဖွဲ့ဝင်(CTUM)၊ Lgbt Community Yangon၊ အလုံ လူငယ်တပ်ဦး(AYF) စသည့် မြေပြင်သပိတ်အင်အားစုများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#ရန်ကုန်မြို့
#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly