မွတ်စလင်များ၏ ဘာသာရေးယုံကြည်ချက်ကို လေးစားရန် လူ့အခွင့်အရေးချိုး အဆိုးရွားဆုံး ဖောက်သည့် တရုတ်က ဆွီဒင်ကို တောင်းဆို

မွတ်စလင်များ၏ ဘာသာရေးယုံကြည်ချက်ကို လေးစားရန် လူ့အခွင့်အရေးချိုး အဆိုးရွားဆုံး ဖောက်သည့် တရုတ်က ဆွီဒင်ကို တောင်းဆို

မွတ်စလင်များနှင့် အခြားလူနည်းစုအုပ်စုများ၏ ဘာသာရေး ယုံကြည်ချက်ကို လေးစားရန်နှင့် ၎င်းတို့၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရန် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ကမ္ဘာတွင် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်သည့်နိုင်ငံများ စာရင်းဝင်သည့် တရုတ်နိုင်ငံက ဆွီဒင်ကို တောင်းဆိုလိုက် သည်။

ဧပြီလ ၁၅ ရက်နှင့် ၁၆ ရက်တွင် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံဖြစ် သော ဆွီဒင်အနေဖြင့် မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ ဘာသာရေးယုံကြည်ချက်များကို လေးစား လိုက်နာသင့်ကြောင်း၊ ၎င်းတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ရန်၊ ဘာသာရေးလွတ်လပ်ခွင့်ကို လေးစားကာကွယ်ကြောင်း ပြောဆိုနေမှုများကို လေးလေးနက်နက် လက်တွေ့ လုပ်ဆောင်သင့်သည်” ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ဆွီဒင်ကို ပြောကြားခဲ့ကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။

ဆွီဒင်တွင် မွတ်စလင်များနှင့် ပတ်သက်သည့် “စိတ်ထိခိုက်ဖွယ်ကောင်းသော ဟောပြောပွဲ” အပြီး ၅ ရက် အကြာတွင် ဝေဘင်းက မေလတွင် ရှင်ကျန်းသို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ် ဘတ်ချ်လတ် ၏ အလည်အပတ်ခရီးစဉ် တဆစ်ချိုး ပြောင်းလဲခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်း ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သော တရုတ်အစိုးရ၏ နှိပ်စက်ညှဉ်းပန်းမှုခံနေရသည့် ဝီဂါ မွတ်စလင် များနှင့် တွေ့ဆုံလိုကြောင်း သူမ၏ တက်ကြွစွာလှုပ်ရှားမှုကြောင့် လူသိများသော ဘတ်ချ်လတ်က ထုတ်ဖော် ပြောကြားခဲ့သည်။

“မဟာမင်းကြီးရဲ့ တရုတ်ခရီးစဉ် ရည်ရွယ်ချက်က အပြန်အလှယ်ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဖြစ်ပါတယ်။ ဒီကိစ္စကို အသုံးချပြီး နိုင်ငံရေးအရ ခြယ်လှယ်တာကို ဆန့်ကျင်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက UNHCR ၏ ရှင်ကျန်းသို့ သွားရောက်လိုသည့် ဆန္ဒကိုတားမြစ်ခြင်းကို ကာကွယ်ပြောဆိုခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ ကမ္ဘာတွင် အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်သည့်နိုင်ငံများ စာရင်းဝင်နေသည့် တရုတ်နိုင်ငံက ရှင်ကျန်းပြည်နယ်တွင် ဝီဂါနှင့် တူရကီမွတ်စလင်များ၏ ယဉ်ကျေးမှု လက္ခဏာများကို ဖျက်ပစ်ရုံသာမက ၎င်းတို့ကို ပြည်ပတွင်လည် လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိသည်။ 

ဆော်ဒီအာရေးဗီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အီဂျစ်ကဲ့သို့သော နိုင်ငံများ၏ အကူအညီဖြင့် ယင်းကိစ္စကို တရုတ် လုပ်ဆောင်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required