ကရင်နီပြည်နယ်တွင်  ကျေးလက်မြေအဖွဲ့က လူ့အခွင့်အရေးသင်တန်းပေး

05 May 2022
ကရင်နီပြည်နယ်တွင်  ကျေးလက်မြေအဖွဲ့က လူ့အခွင့်အရေးသင်တန်းပေး

ကရင်နီပြည်နယ်က စစ်ဘေးရှောင်များနှင့် ဒေသခံများကို ကျေးလက်မြေအဖွဲ့က မေလ ၅ ရက်နေ့မှာ စတင်၍ သုံးရက်ကြာ လူ့အခွင့်အရေးသင်တန်း ပို့ချပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ 

“ကရင်နီပြည်နယ်မှာ တော်လှန်ရေးကာလအတွင်း လူအခွင့်အရေးချိုးဖောက်မှုတွေက ဘာတွေရှိမလဲ ဆိုတာ သိရှိနားလည်ပြီး နေ့စဉ်လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လို့ခံစားနေရာလဲ ၊ ကျွန်မတို့မှာ ဘာအခွင့်အရေးတွေရှိသလဲ ဘာအခွင့်အရေးတွေဆုံးရှုံးလဲဆိုတာကို သိရှိသွားအောင်၊ မြန်မာနိုင်ငံမှာ လူအခွင့်အရေးကို ဘာကြောင့် တောင်းဆိုနေကြတာလဲ ဆိုတာသိအောင်လို့ ဒီသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ကျေးလက်မြေအဖွဲ့၏ ဒါရိုက်တာ မမူစဲ ကပြောသည်။ 

အဆိုပါ လူအခွင့်အရေးသင်တန်းကို စစ်ဘေးရှောင်များနှင့် ဒေသခံတိုင်းရင်းသား  အယောက် ၃၀ ကျော် တက်ရောက်နေလျက်ရှိကြောင်း သိရသည်။ 

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းမှာ တစ်နှစ်ကျော်နီးပါးရှိလာပြီး မြို့တိုင်းနီးပါးတွင် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်နေရသည်။ 

ကျေးလက်မြေအဖွဲ့၏ ဒါရိုက်တာ မမူစဲက “ စစ်ရှောင်တွေနဲ့ ကျေးရွာသူ ကျေးရွာသားတွေကို စိတ်ခွန်အားတွေပြန်လည်ရစေဖို့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုသိရှိနားလည်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ဖို့အတွက် လူ့အခွင့်အရေး သင်တန်းကိုပို့ချရခြင်းဖြစ်တယ်“ ဟု ပြောသည်။

#MizzimaTV
#ကရင်နီပြည်နယ်
#စစ်ဘေးရှောင်
#ကျေးလက်မြေအဖွဲ့
#လူ့အခွင့်အရေး
#သင်တန်းပေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly