တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းနေတဲ့နိုင်ငံ(ဆောင်းပါး)

05 May 2022
တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းနေတဲ့နိုင်ငံ(ဆောင်းပါး)

ပြီးခဲ့တဲ့ အစိုးသက်တမ်း နှစ်ဆက်စလုံးမှာ ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးမှုဆိုင်ရာကိစ္စတွေကို ပြန်လည်တည့် မတ်နိုင်ဖို့အတွက် နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေ့ရပါတယ် ။ ဒါပေမဲ့ ဌာနဆိုင်ရာတွေမှာ နှစ်ပေါင်းများစွာ အရိုးစွဲနေတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအောက်က တရားရေးမဏ္ဍိုင်ကို ပြုပြင် ပြောင်းလဲဖို့ မလွယ်ကူတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုညွှန်းကိန်းတွေလည်း တစ် နှစ်ထက် တစ်နှစ် ကျဆင်းလာခဲ့ပါတယ် ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့တဲ့ ကမာ္ဘ့ တရားမျှတမှု စီမံကိန်း (WJP) ရဲ့ တရားဥပဒေစိုးမိုးမှု ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၃၉ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုမှာ အဆင့် ၁၂၈ အထိရောက်နေပါတယ် ။ အထူးသဖြင့် စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံရဲ့ တရား ဥပဒေ စိုးမိုးမှုဟာ လုံးဝပျက်သုဉ်းသွားတဲ့ အခြေအနေထိ ရောက်ခဲ့ရတယ်ဆိုတာကတော့ ပြည်သူတွေဖြတ်သန်းခဲ့ ကြရတဲ့ တစ်နှစ်ကျော်ကာလကို ပြန်ကြည့်ရုံနဲ့ သိသာစေပါတယ် ။
#Politics
#MizzimaTV=

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly