PR အတွက် ထွေ/အုပ်ဖွဲ့စည်းပုံ တိုးချဲ့တာလား(ဆောင်းပါး)

04 May 2022
PR အတွက် ထွေ/အုပ်ဖွဲ့စည်းပုံ တိုးချဲ့တာလား(ဆောင်းပါး)

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ရှိပြီးသား ခရိုင် ၇၅ ခရိုင်အပြင် နောက်ထပ် ၄၆ ခရိုင်ကို မေလ ၁ ရက်နေ့ မှာ တိုးချဲ့ဖွဲ့စည်းလိုက်တဲ့အတွက် အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခရိုင်ပေါင်း (၁၂၁) ခရိုင်အထိ ရှိ လာ ပါတယ် ။ ဒီလို ထွေအုပ်ဖွဲ့စည်းပုံကို တိုးချဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေ ပိုမိုအဆင်ပြေအောင် ဆောင်ရွက်နိုင်ဖို့ဖြစ်တယ်လို့ အကြောင်းပြထားပါတယ် ။ ဒါပေ မယ့် ပြည်သူလူထုကြားမှာတော့ ဒီလိုခရိုင်တွေကို ချဲ့တာဟာ စစ်ကောင်စီ ၂၀၂၃ မှာကျင်းပဖို့စီစဉ်နေတဲ့ ရွေး ကောက်ပွဲ မှာ PR လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးတဲ့အခါ မဲဆန္ဒနယ်တွေပြင်ဆင်သတ်မှတ်ဖို့ ရည် ရွယ်တာလို့ ဝေဖန်သုံးသပ်နေကြပါတယ် ။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly