တရုတ်နိုင်ငံအလယ်ပိုင်းအဆောက်အအုံပြိုကျမှု ပြီးနောက် လူ ၉ ဦးကို ထိန်းသိမ်းထား

တရုတ်နိုင်ငံအလယ်ပိုင်းအဆောက်အအုံပြိုကျမှု ပြီးနောက် လူ ၉ ဦးကို ထိန်းသိမ်းထား

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်တွင် ဧပြီ ၂၉ ရက်က ကိုယ်တိုင်ဆောက်လုပ်ထားသော လူနေအဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပြီးနောက် လုံခြုံရေးအာဏာပိုင်များက မေလ ၃ရက်တွင် လူ ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ပြည်နယ်မြို့တော် ကျန်းရှာရှိ ရဲတပ်ဖွဲ့အဆိုအရ အဆောက်အအုံပိုင်ရှင် ဝူနှင့် အဆောက်အအုံ ဒီဇိုင်းနှင့်ဆောက်လုပ်ရေးတွင် ကြီးကြပ်သော လျောင်၊ ရန်နှင့် ရွှေ ၃ ဦးတို့သည် မတော်တဆဖြစ်ရပ်အတွက် အဓိကသံသယရှိသူများ ဖြစ်သည်။

အင်ဂျင်နီယာပညာရပ်စစ်ဆေးရေးကုမ္ပဏီက အဆောက်အအုံရှိ ဧည့်ရိပ်သာခန်းအတွက် အဆောက်အအုံ အန္တရာယ်ကင်းရေးနှင့်ပတ်သက်ပြီး မှားယွင်းသောအကဲဖြတ်ချက်တစ်စောင်ကို ဧပြီ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီမှ ဥပဒေဆိုင်ရာ တာဝန်ရှိသူ တန်နှင့် နည်းပညာသမား ၄ ဦးဖြစ်သည့် နင်း၊ တန်၊ လျူနှင့် ဂေါင်တို့ကို မစစ်မှန်သော အစီရင်ခံစာပေးမှုဖြင့် သံသယရှိနေကြသည်။

အဆောက်အအုံပြိုကျပြီးနောက် ယနေ့အထိ လူ ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၂၃ ဦးပိတ်မိနေဆဲဖြစ်သည်။

ထိုမတော်တဆဖြစ်မှုသည် ချန်းရှမြို့ရှိ ဝမ်ချန်းရပ်ကွက်တွင် မွန်းလွဲ ၁၂ နာရီ ၂၄ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စုံစမ်းစစ်ဆေးမှုများ ထပ်မံလုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly