ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် အမေရိကန် စစ်သင်္ဘောကို တရုတ်က ခြေရာခံစောင့်ကြည့်ခဲ့

ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် အမေရိကန် စစ်သင်္ဘောကို တရုတ်က ခြေရာခံစောင့်ကြည့်ခဲ့

ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်၏ USS Sampson ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘောဖြတ်သန်းသွားမှုကို တရုတ်စစ်တပ်က ဧပြီ ၂၇ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

တရုတ်စစ်တပ် (PLA) အရှေ့ပိုင်းကွပ်ကဲမှုစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှီရီက ဒေသတွင်း တည်ငြိမ် ရေးကို ထိခိုက် စေသည်ဟု ထုတ်ပြန်ချက်တွင် အမေရိကန်ကို စွပ်စွဲခဲ့သည်။ အမေရိကန် စစ်သင်္ဘောသည် ထိုင်ဝမ် ရေလက်ကြားကို ဧပြီလ ၂၆ရက်က ဖြတ်သန်းသွားခဲ့ပြီး PLA က ယင်းလမ်းကြောင်းကို လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့သည်။

” အမေရိကန်က မကြာခဏ ရန်စသည့် လုပ်ရပ်များလုပ်ဆောင်ခြင်းဖြင့် ထိုင်ဝမ်လွတ်လပ်ရေးလိုလားသည့် အုပ်စုများဆီ မှားယွင်းတဲ့ အချက်ပြမှုများ ပေးပို့ကာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တမင်တကာ ပျက်ပြားစေခဲ့သည်။ တရုတ်က ယင်းကိစ္စကို ပြတ်ပြတ်သားသား ကန့်ကွက် ပါသည်''ဟု တရုတစစ်တပ်၏ အရှေ့ပိုင်းကွပ်ကဲမှုစစ်ဌာနချုပ်က ပြောကြားခဲ့သည်။

'အဆိုပါထုတ်ပြန်ချက်အရ တရုတ်တပ်မတော် (PLA) အရှေ့ပိုင်းကွပ်ကဲမှုစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များသည် လမ်းကြောင်း တစ်လျှောက်လုံး အမေရိကန် ဖျက်သင်္ဘောကို ခြေရာခံ စောင့်ကြည့်ခဲ့ကြသည်။

နှစ်ဘက်စလုံးသည် ဆယ်စုနှစ် ခုနစ်စုကျော် သီးခြားစီအုပ်ချုပ်နေသော်လည်း တရုတ်၏ အရှေ့တောင်ဘက် ကမ်းရိုးတန်းတွင် တည်ရှိသော လူဦးရေ ၂၄ သန်းနီးပါးရှိသည့် ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ အပြည့် အဝပိုင်ဆိုင်ကြောင်း တရုတ်အစိုးရက ပြောကြားချိန်တွင် ယင်းကိစ္စလည်းဖြစ်ပေါ်လျက်ရှိသည်။

တိုင်ပေသည် တရုတ်၏ ရန်လိုမှုကို တန်ပြန်ရန် အမေရိကန် အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာ မြောက် ဆက်ဆံရေး တိုးမြှင့်ခြင်းဖြင့် တရုတ်ကို အကြိမ်ကြိမ် ဆန့်ကျင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly