ရှင်ကျန်းရှိ ဝီဂါများ၏ အခြေအနေနှင့် ပတ်သက်၍ ဂျာမန်ပါလီမန်၌ ဆွေးနွေး

ရှင်ကျန်းရှိ ဝီဂါများ၏ အခြေအနေနှင့် ပတ်သက်၍ ဂျာမန်ပါလီမန်၌ ဆွေးနွေး

တရုတ်နိုင်ငံ ဝီဂါအသိုင်းအဝိုင်းအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဖိအားပေးရန် ကြိုးပမ်းမှုအဖြစ် ဂျာမန်ပါလီမန်သည် ဧပြီ ၃၀ ရက်က အဆိုပါ ကိစ္စကို ဆွေးနွေးခဲ့ကြသည်။

ယင်း ဆွေးနွေးပွဲမတိုင်မီက အီဟမ်တိုတီအဖွဲ့မှ အန်ဗာကန်က ဧပြီ ၂၉ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့ အကျဉ်းစခန်းမှ ပြန်လည်လွတ်မြောက်လာသူ ဆေရာဂူလ် ဆောဘေး၊ စာရေးဆရာ အလက်ဇန္ဒားကာဗယ်လူစ်၊ သုတေသီ အေဒရီရန်ဇန်းနှင့် ဝီဂါအမေရိကန်ရှေ့နေ နူရီတာကယ်နှင့် ပါမောက္ခ မာရီဟော့မန်းတို့ တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသူများက တရုတ်နိုင်ငံ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) ရှိ ဆိုးရွားလာသော ဝီဂါအခြေအနေများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ညှင်းပန်းနှိပ်စက်မှု၊ ဘာသာရေး ကန့်သတ်ချက်များ၊ ယဉ်ကျေးမှုဆိုင်ရာ သုတ်သင်ရှင်းလင်းမှု၊ တရုတ်နိုင်ငံရှိ လူမျိုးစုများအား အတင်းအဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းခြင်းနှင့် သားကြောဖြတ်ခိုင်းခြင်းအကြောင်းများကို ဆွေးနွေးခဲ့ကြသည်။

အထူးသဖြင့် ဂျာမန်ပါလီမန်တွင် ဝီဂါအကြောင်း ဆွေးနွေးခြင်းသည် တရုတ်အပေါ် ကြီးမားသော ဖိအားဖြစ်စေနိုင်သည်။

တရုတ်က အစ္စလာမ္မစ်အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန်ဟူသော မူမမှန်သော အကြောင်းပြ၍ နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်ရှိ အကျဉ်းထောင်များတွင် ဝီဂါ၊ ကာဇက်နှင့် အခြားမွတ်စလင်လူနည်းစု ၁ သန်းကျော်ကို ရှင်းလင်းသည့် ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုပြီးနောက် ယခုအစည်းအဝေး ကျင်းပလာခြင်းဖြစ်သည်။

ထိုသို့သောလုပ်ဆောင်မှုများကြောင့် အဓမ္မအလုပ်ခိုင်းစေခြင်း၊ အစုလိုက်အပြုံလိုက် အကျဉ်းချခြင်း၊ ကလေးမွေးဖွားမှုကို ထိန်းချုပ်ခြင်း၊ ဝီဂါယဉ်ကျေးမှုနှင့် ဘာသာရေးလက္ခဏာများကို ဖျောက်ဖျက်ခြင်းအပြင် လူမျိုးတုံးသတ်ဖြတ်မှုဟု စွပ်စွဲချက်များကို ဖြစ်ပေါ်စေခဲ့သည်။

ရှင်ကျန်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းမှန်သမျှကို တရုတ်အစိုးရက လူသိရှင်ကြား ငြင်းဆိုထားသော်လည်း တရုတ်သည် ဝီဂါမွတ်စလင်များကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ခြင်း၊ ၎င်းတို့၏ ဘာသာရေးလှုပ်ရှားမှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် ၎င်းတို့အသိုက်အဝန်းများကို ပြန်လည်ပညာပေးရေးစခန်းပုံစံ သို့မဟုတ် အယူဝါဒသွတ်သွင်းခြင်းများ လုပ်ဆောင်ခြင်းဖြင့် နှိမ်နင်းမှုတို့ကြောင့် ကမ္ဘာလုံး၏ ဝေဖန်ပြစ်တင်မှုကို ခံရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly