လှည်းတန်းတွင် “ လုပ်သားပြည်သူ သူပုန်ထ ဖက်ဆစ်ဝါဒ ချေမှုန်းကြ” ဘန်နာကိုင်ဆောင်၍ ချီတက် ဆန္ဒပြ

30 April 2022
လှည်းတန်းတွင် “ လုပ်သားပြည်သူ သူပုန်ထ ဖက်ဆစ်ဝါဒ ချေမှုန်းကြ” ဘန်နာကိုင်ဆောင်၍ ချီတက် ဆန္ဒပြ

ဧပြီလ ၃၀ ရက်

ဧပြီ ၃၀ ရက် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ လှည်းတန်းလမ်းမတွင် ရန်ကုန်လူထုသပိတ်မှ ပြည်သူများ နှင့်အတူ “ လုပ်သားပြည်သူ သူပုန်ထ ဖက်ဆစ်ဝါဒ ချေမှုန်းကြ” ၊  “ There Is No Blood In Oil & Gas Stop The Flow Of BloodMoney ” နှင့် "Fuck The Capitalists (အရင်းရှင်စနစ် ချေမှုန်းကြ)” ဟူသော စာသားကိုင်ဆောင်ကာ ဆေးနီများပက်ဖြန်းခြင်းဖြင့် မေဒေးအကြို ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သပိတ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် စွမ်းစွမ်းတမံပါဝင်နေသော အလုပ်သမား ပြည်သူများအား ခေါင်းပုံဖြတ်၊ ဖိနှိပ်နေသော အာဏာရှင်နှင့် အရင်းရှင်များအား အမြစ်ပြတ်ချေမှုန်းရန် နှင့် ပြည်သူများ စစ်အာဏာရှင်အား အခွန်မဆောင်ရန် လှုံ့ဆော်ခဲ့သော သပိတ်စစ်ကြောင်း ဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly