ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ၄၁၆ ရက်မြောက်ချီတက် 

ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း ၄၁၆ ရက်မြောက်ချီတက် 

ဧပြီလ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၁၆ ရက်မြောက်အဖြစ် ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

“လူမျိုးကြီးဝါဒ ဖယ်ရှားကြ အာဇာနည်ဟာ ကိုးဉီးမက” စာတန်းနှင့်အတူ အလံများကိုင်စွဲပြီး ကြွေးကြော် သံများဟစ်ကြွေးကာ သွေးသစ္စာသီချင်းသံပြိုင်သီဆို၍ ကျဆုံးအာဇာနည်များ အလေးပြုခဲ့ကြသည်။

 ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ် စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly