ဟောင်ကောင်၏ လစ်ဘရယ်သတင်းဝက်ဘ်ဆိုက်က လုပ်ငန်းများ ရပ်ဆိုင်း

ဟောင်ကောင်၏ လစ်ဘရယ်သတင်းဝက်ဘ်ဆိုက်က လုပ်ငန်းများ ရပ်ဆိုင်း

ဟောင်ကောင်ရှိ တရုတ်လစ်ဘရယ်ယိမ်း သတင်းဝက်ဘ်ဆိုက်တစ်ခုသည် ၂၃ နှစ်ကြာမျှ လုပ်ငန်းလည်ပတ်ပြီးနောက် ပြည်တွင်းသတင်းလုပ်ငန်းစည်းမျည်းပြင်ဆင်ချက်များကြောင့် ၎င်း၏ ဝက်ဘ်ဆိုက်နှင့် အက်ပလီကေးရှင်းကို ရပ်နားလိုက်သည်။

တရုတ်သတင်းဝက်ဘ်ဆိုက် Duowei News က ပြည်တွင်းသတင်းလုပ်ငန်းပြင်ဆင်ချက်များကြောင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၆ ရက်မှစ၍ ၎င်း၏ဝက်ဘ်ဆိုက်နှင့် အက်ပလီကေးရှင်းတို့သည် စာဖတ်သူများကို နှုတ်ဆက်လိုက်ကြောင်း ပြောသည်။

ဟောင်ကောင်တွင် နာမည်ကြီးမီဒီယာမဟုတ်သော Duowei News သည် မကြာသေးမီကဝန်ထမ်းများအတွက် ရုံးတွင်းကြေညာချက်တစ်စောင်ထုတ်ခဲ့ပြီး ထိုကြေညာချက်၌ ပြီးခဲ့သည့် ၂ နှစ်အတွင်း အိမ်ခြံမြေ ပြုပြင်ပြောင်းလဲမှုများ နှင့် ကပ်ရောဂါအဆက်မပြတ်ဖြစ်နေမှုတို့က အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိသိသာသာသက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

Duowei News သည် မိခင်ကုမ္ပဏီ Guangdong Nanhai Holding Group ၏ အစိတ်အပိုင်းဖြစ်ပြီး Hong Kong 01 သတင်းဝက်ဘ်ဆိုက်ကိုတည်ထောင်သူ ယူပင်းဟိုင်က စီမံအုပ်ချုပ်သည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မိခင်ကုမ္ပဏီသည် ဟောင်ကောင်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် ဆုံးရှုံးခဲ့ပြီး ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဟောင်ကောင်ဒေါ်လာ ၃ ဘီလီယံမှ ၃ ဒသမ ၄ ဘီလီယံခန့် နှစ်စဉ် အရှုံးပေါ်မည်ဟု ခန့်မှန်းထားသည်။

အဝေးရောက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဟီပင်းက ၁၉၉၉ ခုနှစ်တွင် တရုတ်သတင်းဝက်ဘ်ဆိုက်ကို တည်ထောင်ခဲ့သည်။ မူလက နယူးယောက်တွင် ရုံးချုပ်ထားခဲ့သော်လည်း ဟောင်ကောင်စီးပွားရေးသမား ယူပင်ဟိုင်းက ၂၀၀၉ ခုနှစ်တွင် ဝယ်ယူပြီးနောက် အယ်ဒီတာ့အာဘော်မူဝါဒသည် သိသိသာသာ ပြောင်းလဲသွားကာ အယ်ဒီတာဌာနကို ပေကျင်းသို့ ပြောင်းရွှေ့ခဲ့သည်။

မူဝါဒသစ်ကြောင့် ဝဘ်က်ဆိုက်သည် တရုတ်အစိုးရအပေါ် ဝေဖန်မှု နည်းပါးလာပြီး ၎င်းဝက်ဘ်ဆိုက် တွင်ဒီမိုကရေစီရေး လှုပ်ရှားသူများအတွက် ရေးသားရန် နေရာမပေးတော့ပေ။ သို့သော် တရုတ် ကွန်မြူနစ်ပါတီအတွင်း ဂိုဏ်းဂဏပဋိပက္ခများအကြောင်း ဆက်လက်ရေးသားနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly