ပန်ချန်လားမားကို ပြန်လွှတ်ပေးရန် ဘရပ်ဆဲလ်မြို့ရှိ တရုတ်သံရုံရှေ့တွင် တောင်းဆိုဆန္ဒပြ

By ANI
29 April 2022
ပန်ချန်လားမားကို ပြန်လွှတ်ပေးရန် ဘရပ်ဆဲလ်မြို့ရှိ တရုတ်သံရုံရှေ့တွင် တောင်းဆိုဆန္ဒပြ

တရုတ်အစိုးရက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော ပန်ချန်လားမားနှင့် ၎င်း၏ မိသားစုကို ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးအုပ်စုဖြစ်သည့် တိဗက်နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့က ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ပန်ချန်လားမားသည် တိဗက်ဗုဒ္ဓဘာသာ၏ အဓိကဂိုဏ်းခွဲတစ်ခုဖြစ်သော ဂျီလက်ပါဂိုဏ်း၏ ထင်ရှားသော ခေါင်းဆောင်ဖြစ်ပြီး ငယ်စဉ်ကလေးဘဝကတည်းက တရုတ်အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ၂၇ နှစ်ကြာ ပျောက်ဆုံးနေခဲ့သည်။

ဆန္ဒပြပွဲများကို ဘရပ်ဆဲလ်မြို့တွင် ၁၁ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့ရာတွင် ဆန္ဒပြသူများက ပန်ချန် လားမား မည်သည့်နေရာတွင်ရှိသည်ကို မေးမြန်းသည့် ပိုစတာများကိုင်ဆောင်ကာ ၎င်းကို ကမ္ဘာ့အသက် အငယ်ဆုံး နိုင်ငံရေးအကျဉ်းသားအဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။

ဆန္ဒပြပွဲများတွင် တိဘက်လူမျိုး ၄၀ ခန့်က တရုတ်ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

ပြန်ပေးဆွဲခံရသော လားမားကို တိဘက်လူမျိုးများ၏ နှလုံးသားထဲမှ ဖျောက်ဖျက်ပစ်ရန် တရုတ်က ကြိုးပမ်းနေသော်လည်း လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ၁၀ ယောက်မြောက် ပန်ချန်လားမား ကွယ်လွန်ပြီးနောက် ၁၄ ယောက်မြောက် ဒလိုင်းလားမား တန်ဇန်ဂတ်ဆိုက ၆ နှစ်အရွယ် ဂတ်ဟန် ချိုကီညီမာကို ၁၁ ယောက်မြောက် ပန်ချန်လားမား အဖြစ် သတ်မှတ် ခဲ့သည်။

နောက်ပိုင်းတွင် တရုတ်စစ်တပ်မှ အသက် ၆နှစ်အရွယ် ပန်ချန်လာမားနှင့် ယင်း၏ မိသားစုအား ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး မည်သည့်နေရာတွင် ရှိနေသည်ကို ယနေ့အချိန်အထိ မသိရသေးပေ။

ယင်း၏ နေရာတွင် ကွေစိန်နော်ဘူးကို ၁၉၉၅ ခုနှစ်တွင် တရုတ်အစိုးရက တရားဝင် ၁၁ ယောက်မြောက် ပန်ချန် လားမား အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ယင်းအချိန်ကတည်းက ၁၄ ယောက်မြောက် ဒလိုင်းလားမား နှင့် တိဗက်အသိုက်အဝိုင်းက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

ကွေစိန်နော်ဘူးကို ၁၁ ယောက်မြောက် ပန်ချန်လားမား အဖြစ် တိဘက်တဝိုက်ရှိ ပိုစတာများတွင် မတွေ့မြင် ရဘဲ ၁၀ ယောက်မြောက် ပန်ချန် လားမားပုံများကိုသာ ပို၍မြင်တွေ့ရကြောင်း အစီရင်ခံစာက ထပ်လောင်း ဖော်ပြခဲ့ပြီး ယင်းခန့်အပ်မှုကို တစ်နည်းအားဖြင့် တိဘက်လူမျိုးများသည် တရားဝင်ခန့်အပ်မှုအဖြစ် လုံးဝ လက်မခံ ကြောင်း ဖော်ပြနေသည်ဟု ဆိုသည်။

၂၇ နှစ်နီးပါးကြာပြီဖြစ်သော်လည်း တိဘက်လူမျိုးများသည် ၎င်းတို့၏ ၁၁ ယောက်မြောက် ပန်ချန်လားမား၏ ဓာတ်ပုံများကို မမြင်ဘူးကြပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly