တရုတ်ကွေ့ကျိုးပြည်နယ်တွင် မြောင်ဇာပန်းထိုးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အစိုးရ၏ ကဏ္ဍအရေးပါ

By ANI/PRNewswire
27 April 2022
တရုတ်ကွေ့ကျိုးပြည်နယ်တွင် မြောင်ဇာပန်းထိုးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အစိုးရ၏ ကဏ္ဍအရေးပါ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၏ ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်နှင့် အဓိကကုန်းပြင်မြင့် ၄ ခုတွင် တစ်ခု ဖြစ်သည့် ကွေ့ကျိုးပြည်နယ်သည် ဒါဇင်နှင့်ချီသော လူနည်းစုငယ်များနေထိုင်ရာဒေသဖြစ်သည်။ အကြီးဆုံး မျိုးနွယ်စုမှာ မြောင် လူမျိုးဖြစ်သည်။

နှစ်ပေါင်း ၂၀ဝ၀ ကျော်သမိုင်းကြောင်းရှိ မြောင် လူမျိုးစုသည် ချင်နှင့် ဟန် မင်းဆက်များအတွင်း အစောပိုင်း ကတည်းက ဖွဲ့တည်လာခဲ့ကြသည်။

ယနေ့ခေတ်တွင် ဒေသ လူဦးရေ ၁၁ သန်း၏ ထက်ဝက်ခန့်သည် ကွေကျိုးပြည်နယ်အနှံ့ဖြန့်ကျက်နေထိုင် လျက်ရှိသည်။

တောင်တန်းဒေသများတွင် အများစုနေထိုင်ကြသည့် မြောင် လူမျိုးများသည် လယ်ယာလုပ်ငန်းနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ အဆိုပါ တိုင်းရင်းသားလူမျိုးစုတို့၏ ထူးခြားပြီး 
လက်ရာမြောက်သော အဝတ်အထည်နှင့် ပန်းထိုးထည်များကို လူသိများသည်။

မြောင်လူမျိုးများသည် ပန်းထိုးခြင်းအတတ်ပညာကို မွေးရာပါ ပါရမီပါကြသည်။ မိခင်နှင့် ညီအစ်မများ၏ သင်ကြားပေးမှုများကြောင် မြောင်အမျိုးသမီးများသည် အသက် ၇ နှစ်ဝန်းကျင်တွင် မြောင်ပန်းထိုးခြင်း အတက် ပညာကို လေ့ကျင့်သင်ကြား ပေးကြသည်။ ဆယ်ကျော်သက်အရွယ်တွင်  ယင်းလက်မှုပညာကို ကျွမ်းကျင်နေပြီဖြစ်သည်။

ကွေကျိုးပြည်နယ်၊ ချင်ရှီမြို့၊ ဟွားဝူရွာသည် အရည်ချင်းပြည့်ဝသော မြောင်ဇာပန်းထိုးလက်မှုပညာရှင် ထောင်ပေါင်းများစွာ၏ နေထိုင်ရာဒေသဖြစ်သည်။

တောင်ပေါ်ဒေသများမှ လူနေရပ်ကွက်သစ်များသို့ ပြောင်းရွှေ့နေထိုင်ကြသည့် ဟွားဝူရွာသားများသည် ရိုးရာ ဇာပန်းထိုးလုပ်ငန်းဖြင့် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်းပြုနေကြသည်။

၎င်းတို့သည် ဝူကျန်းမြစ်ဘေးရှိ ဂေဟဗေဒဆိုင်ရာ ပတ်ဝန်းကျင်ကို မြှင့်တင်ရာတွင် ကြီးစွာ ကြိုးပမ်းအား ထုတ်မှုခဲ့ကြသည်။

ဇာတ်လမ်းအပြည့်အစုံကို သိရှိနိုင်ရန် ဗြိတိန်ဗီဒီယိုဂျာနယ်လစ် အဒမ်သည် ရှန်ဟိုင်းမှ ဟွားဝူရွာသို့ ခရီးထွက်ခဲ့သည်။

သူသည် ရွာရှိ ရိုးရာပန်းထိုးအလုပ်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး အချိန်ကာလတိုင်း တန်ဖိုးထား အသိအမှတ်ပြုခံရသည့် အဆိုပါ လက်မှုအနုပညာကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း အမွေဆက်ခံပုံစနစ်ကို လေ့လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly