ပုသိမ်မြို့ က.ည.န ရုံးရှေ့ ဗုံးပေါက်ကွဲ

ပုသိမ်မြို့ က.ည.န ရုံးရှေ့ ဗုံးပေါက်ကွဲ

ဧပြီလ ၂၆ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၁၃) ရပ်ကွက်၊ ကင်မလင်းကျွန်း လမ်းမကြီးပေါ်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က.ည.န ရုံးရှေ့တွင် ယနေ့ ဧပြီလ၂၆ ရက် မနက် ၇ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲ ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဌာနသည် စစ်ကောင်စီအား အထောက်အပံ့ ပေးနေသည့်အတွက် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (PSTF ) တာဝန်ခံက ပြောသည်။

"က.ည.န ဆိုတာ စစ်ကောင်စီကို အဓိက ငွေရှာပေးနေတဲ့ ဌာန တစ်ခုပဲဗျ။ ဒါကြောင့် ဖောက်ခွဲခဲ့တာပါ။ ဒီတစ်ခါ ဆိုရင် က.ည.န ရုံးရှေ့ကို PSTF က သတိပေးဖောက်ခွဲတာ နှစ်ကြိမ်ရှိပါပြီ။ နောက်တစ်ကြိမ် ဆိုရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာပါ" ဟု၎င်းကဆိုသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ပြီး မိနစ် အနည်းငယ် အကြာ စစ်ကောင်စီတပ်များနှင့် ရဲများ ရောက်ရှိလာပြီး က.ည.န ရုံးရှေ့တွင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required