စစ်အာဏာသိမ်းပြီးနောက် ကြွေလွင့်ခဲ့ရသူများကို ရည်စူး၍ ဂျပန်နိုင်ငံတွင် ဆုတောင်း မေတ္တာပို့

25 April 2022
စစ်အာဏာသိမ်းပြီးနောက် ကြွေလွင့်ခဲ့ရသူများကို ရည်စူး၍ ဂျပန်နိုင်ငံတွင် ဆုတောင်း မေတ္တာပို့

အကြမ်းဖက်စစ်ကောင်စီက စစ်အာဏာသိမ်းခဲ့သည်မှာ တစ်နှစ်ပြည့်ပြီးနောက် မြန်မာနိုင်ငံတွင် အသက်ပေးခဲ့ရသည့် တိုင်းရင်းသားပြည်သူများ ၊ ရဟန်းရှင်လူများ ၊ ကျောင်းသားလူငယ်များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ရည်စူး၍ ဂျပန်နိုင်ငံရောက် မြန်မာဘုန်းတော်ကြီးများ နှင့် ဂျပန်ဘုန်းတော်ကြီးများက ဆုတောင်း မေတ္တာပို့သခဲ့ကြကြောင်းသိရသည်။

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းမှကြီးမှူး၍ ဧပြီလ ၂၄ ရက်နေ့ ညပိုင်းအချိန်က ဂျပန်-မြန်မာဘုန်းတော်ကြီးများမှ အမိမြန်မာပြည်အတွက် ငြိမ်းချမ်းရေးဆုတောင်း မေတ္တာများ ပို့သကာ တက်ရောက်လာသူများအားလုံးနှင့်အတူ မီးထွန်းဆုတောင်းပွဲ ပြုလုပ်ခဲ့ ကြသည်။

“တော်လှန်ရေးမှာ ကျဆုံးသွားတဲ့သူရဲကောင်းပြည်သူအပေါင်းအတွက် ဆုတောင်း မေတ္တာ ပို့သရင်း ကျွန်တော်တို့ဟာ သူတို့ကို ဘယ်တော့မှာ မေ့သွားမှာမဟုတ်သလို သူတို့မျှော်လင့်တဲ့ နိုင်ငံဖြစ်ဖို့ အစွမ်းကုန်ဆက်လက်ကြိုးစားသွားမယ်လို့လည်း ဆုံးဖြတ်မိတယ်” ဟု ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

ယခုဆုတောင်းမေတ္တာပို့သခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ဇိုးဂျောဂျိ ဘုရားကျောင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

#Mizzima

#ဂျပန်နိုင်ငံ

#အကြမ်းဖက်စစ်ကောင်စီ

#စစ်အာဏာသိမ်း

#ကြွေလွင့်ခဲ့ရသူများ

#ရည်စူးမေတ္တာပို့

#PhotoNews

#VideoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly