စစ်ကိုင်းတိုင်း ညောင်ပင်ရှည်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေး တပ်များ တိုက်ပွဲဖြစ်ပွား

By OAK
25 April 2022
စစ်ကိုင်းတိုင်း ညောင်ပင်ရှည်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေး တပ်များ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်မ(၃၃)နှင့် ပျူစောထီးများအား ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားချိန် လေးနာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ၏ အုန်းတောယန္တယားတပ်မှ Mi-35 တိုက်ခိုက် ရေးရဟတ်ယာဉ်ဖြင့် လေကြောင်းပစ်ကူရောက်ရှိလာသောကြောင့် ကာကွယ်ရေးတပ်များ ဆုတ်ခွာခဲ့ရ ကြောင်း Burma Phoenix Organization-BPO အဖွဲ့ထံက သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီမှ ၃၀ ဦးခန့်သေဆုံးခဲ့သည်။ ကာကွယ်ရေးအဖွဲ့များမှ ရဲဘော် ငါးဦး သည်လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ပြီး Zero ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးသည်လည်း ပြန်လည်ဆုတ်ခွာချိန်တွင် မြစ်အတွင်း ရေစီးဖြင့် မျောပါကာ ကျဆုံးခဲ့ကြောင်းသိရသည်။

“ အဲ့ဒီရွာမှာတော့ အမြဲမရှိဘူး။ ဆားတောင်မြို့နယ်ထဲမှာ သောင်းကျန်းနေတာ။ သူတို့က တစ်ရွာတည်းကို လုပ်တာမဟုတ်ဘူး။ ရွာစဉ်လှည့်ပြီးတော့ကိုလုပ်နေတာ။ အဆိုးဆုံးကတော့ ပျူစောထီးပေါ့။ သူတို့ မျက် မုန်းကျိုးတဲ့ရွာဆိုရင် စစ်ကောင်စီနဲ့ပေါင်းပြီး အမြဲဝင်မွှေကြတာ”ဟု Burma Phoenix Organization-BPO အဖွဲ့တာဝန်ရှိသူကပြောသည်။

အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းသည် ဆားတောင်မြို့နယ်အတွင်းရှိကျေးရွာများသို့ စီးနင်းဝင်ရောက်ကာ ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ ပစ္စည်းများသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း Burma Phoenix Organization-BPO အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီမှ ကျေးရွာအတွင်းသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ကာ ဝင်ရောက်စီးနင်း သောကြောင့် လက်နက်ကြီး ထိမှန်သည့်ရွာသားများလည်းရှိနိုင်ကြောင်းသိရပြီး အတည်မပြုနိုင်သေးပေ။

#Mizzima

#စစ်ကိုင်းတိုင်း

#ညောင်ပင်ရှည်ကျေးရွာ

#ဒေသခံကာကွယ်ရေးတပ်များ

#စစ်ကောင်စီတပ်

#ပျူစောထီး

#တိုက်ပွဲဖြစ်ပွား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly