အင်တာနက်ဖြတ်တောက်၍ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များအား ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ပြင်းပြင်းထန်ထန်ခုခံလျက်ရှိ

အင်တာနက်ဖြတ်တောက်၍ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်များအား ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ပြင်းပြင်းထန်ထန်ခုခံလျက်ရှိ

စစ်ကိုင်းတိုင်း အတွင်းရှိ ရေဦး၊ ခင်ဦးနှင့် ဒီပဲယင်းနယ်စပ်များတွင် အင်တာနက် ဖြတ်တောက်၍ ဝင်ရောက်ထိုးစစ် ဆင်နေသည့် စစ်ကောင်စီတပ်များအား ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ပြင်းပြင်းထန်ထန် ခုခံလျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် ‌ခင်ဦးမြို့နယ် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ခံဗိုလ်ဂျက်စတင်အား မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သည်။

စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ကြောင်းသည် အင်တာနက် ဖြတ်တောက်ထား သည့် ရေဦး၊ခင်ဦးနှင့် ဒီပဲယင်း နယ်စပ်ကျေးရွာများသို့ ဧပြီလ ၁၈ ရက်နေ့ကတည်းက စတင်ဝင်ရောက်လာပြီး ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်၍ နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဧပြီ ၁၈ ရက်နေ့မှ စတင်၍ ခုခံတိုက်ခိုက်ခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်ဘက်မှ ထိခိုက် သေဆုံးသူ ၂၀ ဝန်းကျင်ခန့်ရှိလာပြီဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်များက ဆိုထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုအား ၂၀၂၂ ခုနှစ် မတ်လ ၃ ရက် နေ့မှစတင်ကာ အင်တာနက်များ ဖြတ်တောက်ထားခြင်းဖြစ်ပြီး ရွှေဘို၊ မုံရွာ၊ ကလေးနှင့်စစ်ကိုင်းမြို့များတွင်သာ အင်တာနက်အသုံးပြု၍ ရနိုင်သည်ဟု ဗိုလ်ဂျက်စတင်က ဆိုသည်။

ထိုသို့ အင်တာနက်ဖြတ်တောက်ကာ ပြည်သူအပေါ်လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသော်လည်း ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီတပ်များကို ပြင်းပြင်းထန်ထန်ခုခံလျက်ရှိသည်ဟု ‌ခင်ဦးမြို့နယ် ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

#Mizzima

#စစ်ကိုင်တိုင်းဒေသအချို့

#အင်တာနက်ဖြတ်တောက်

#စစ်ကောင်စီတပ်များ

#စစ်ကြောင်းထိုး

#ဒေသခံပြည်သူများကိုသတ်ဖြတ်

#နေအိမ်မီးရှို့

#ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ

#ပြင်းပြင်းထန်ထန်ခုခံ

#စစ်ကောင်စီမှ၂၀သေဆုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly