ပေါက်မြို့နယ် ညောင်ရမ်းရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

24 April 2022
ပေါက်မြို့နယ် ညောင်ရမ်းရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့မှ ဇီးပြားရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခဲ့ကြောင်း သိရသည်။

အင်အား ၈၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ယမန်နေ့  ဧပြီ၂၃ ရက် မနက် ၁၀ နာရီ ခန့်က ညောင်ရင်းရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ငါးဦးသေဆုံးကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားတာဝန်ခံက ပြောသည်။

“လက်နက်ကြီး လက်နက်ငယ်မျိုးစုံနဲ့ ပြန်ပစ်တာခင်ဗျ။ ပစ်လိုက် နားလိုက်နဲ့စုစုပေါင်း ကြာချိန်က ၆ နာရီခန့်ပါ။သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို သူတို့သယ်ဆောင်သွားတယ်” ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်သားတစ်ဦးကပြောသည်။

တိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)၊ Pakokku Generation Z ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ပေါက် ၊မကွေးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ပေါက်တောင်ပိုင်းတိမ်လွှာအဖွဲ့နှင့် အခြားမဟာမိတ် တပ်ပေါင်းစုများက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

“နှုတ်ခမ်းနီ(ကျည်ထောင့်)နည်းပြီး ဈေးကြီးတာကြောင့် တချို့နေရာတွေမှာဆို ပစ်ရတာချွေတာရတာတွေရှိပါတယ်။လက်နက်အင်အားနည်းပါးတာတွေကြောင့် အားရမှုနည်းရသလို safe(လုံခြုံမှု)မဖြစ်တဲ့လက်လုပ် လက်နက်ကြီးတွေအစား safe(လုံခြုံမှု)ဖြစ်တဲ့ တန်ဖိုးကြီးလက်နက်ကြီးတွေကို ကျွန်တော်ရဲဘော်တွေမှာ ရှိစေချင်ပါတယ်၊၊ လိုအပ်နေတဲ့ လက်နက်ခဲယမ်းဖိုးတွေ အတွက် မိဘပြည်သူတွေဆီမှာ မျက်နှာပူပူနဲ့ပဲ အလှူခံပါတယ်ခင်ဗျ” ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့တပ်သားတစ်ဦးက ပြည်သူများကို တောင်းဆိုထားသည်။

#မကွေးတိုင်း 
#ပခုက္ကူခရိုင်
#ပေါက်မြို့
#စစ်ကောင်စီတပ်ဖွဲ့ 
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 
#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly