ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား စစ် ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား စစ် ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရ

ဧပြီ ၂၄

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) တတိယနှစ်ကျောင်းသားဖြစ်သူ ကိုထက်ပိုင်စိုးကို စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ၂၁ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ကြောင်း ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံက သိရသည်။

ကိုထက်ပိုင်စိုးသည် ပြီးခဲ့သည့် ဧပြီလ၂၁ရက်နေ့က အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းသည်ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ဧပြီလ ၂၃ရက်နေ့တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။

“သူ့က၂၁ရက်နေ့က အဆက်အသွယ်ပြတ်တောက် သွားတာပါ။ ကျွန်တော်တို့စုံစမ်း ကြည့်တော့ သူ့ကိုဖမ်းထားတာလို့သိရတာပါ။ အတည်ပြုလို့ရပါတယ်” ဟု ကိုထက်ပိုင်စိုးနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကိုထက်ပိုင်စိုးဖမ်းဆီးခံရကြောင်းကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအဖွဲ့ကလည်း အတည်ပြုထားပြီး ၎င်း၏အသက် န္တရာယ်အတွက် မိသားစုကလည်း စိုးရိမ်နေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလ၂၁ရက်က ရန်ကုန်မြို့တွင် ဒဂုံတက္ကသိုလ်မှကျောင်းသား ခုနစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက်လျက်ရှိနေဆဲဖြစ်သည်ဟု နီးစပ်သူများထံက သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ရန်ကုန်မြို့ပေါ်တွင် ဖမ်းဆီးမှုများကို ခပ်စိပ်စိပ်ပြုလုပ်လာသည်ကိုတွေ့ရကြောင်း၊ လူငယ်များကို ဖမ်းဆီးသည့်အခါတိုင်းတွင် စစ်ကြောရေးစခန်းများသို့ ပို့ဆောင်လျက်ရှိပြီး ရက်ပေါင်းများစွာကြာမှ သတင်းထုတ်ပြန်လေ့ရှိသည်ဟု ဖမ်းဆီးခံရသည့် မိသားစုဝင်များ၏ ပြောပြချက်အရသိရသည်။

#Mizzima

#ရန်ကုန်စီးပွားရေးတက္ကသိုလ်

#ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

#ဖမ်းဆီးခံရ

#ရွာသာကြီးနယ်မြေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly