တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့   စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ

23 April 2022
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့   စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၌ ယနေ့ ဧပြီလ ၂၃ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆုတောင်း ဆန္ဒပြပွဲတွင် ဒယ်ဂူးဘုန်းဘုန်းက ကဗျာ ရွတ်ဆိုခဲ့သည်။ 

အဆိုပါပွဲ၌ နွေဦးတော်လှန်ရေးတွင် များများ ထောက်ပံ့လျှင် မြန်မြန်အောင်ပွဲ ရနိုင်ကြောင်း မိန့်ကြားကာ ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများကို တော်လှန်ရေးတွင် ထောက်ပံ့ရေး နှိုးဆော် တိုက်တွန်းခဲ့သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆုတောင်း ဆန္ဒပြပွဲကို ဒယ်ဂူးမြို့၌ အပတ်စဉ် စနေနေ့တိုင်း ကျင်းပလျက်ရှိသည်။

ဂျာမုန်း

#Mizzima
#ဒယ်ဂူးမြို့
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဒယ်ဂူးဘုန်းဘုန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly