မီးလောင်ပြာကျရွာတွေအတွက် စစ်အာဏာရှင်တွေသာမက အာရှခေါင်းဆောင်တွေမှာပါ တာဝန်ရှိတယ်(ဆောင်းပါး)

23 April 2022
မီးလောင်ပြာကျရွာတွေအတွက် စစ်အာဏာရှင်တွေသာမက အာရှခေါင်းဆောင်တွေမှာပါ တာဝန်ရှိတယ်(ဆောင်းပါး)

မြန်မာစစ်တပ်ဟာ စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းက ခုခံတွန်းလှန်တာတွေကို ချေမှုန်းပစ်ချင်တော့ မီးရှို့တဲ့နည်းကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေခဲ့တယ်။ စစ်တပ်နဲ့ စစ်တပ်နောက်ဆွဲပြည်သူ့စစ် တွေဟာ ဒီဇင်ဘာလကတည်းကစလို့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ နေ့စဉ်လိုလို မီးတွေ တောက်လျှောက် ရှို့နေခဲ့တယ်။ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့မီးရှို့တာတွေကြောင့် လူတွေ အမြောက်အမြား နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်။

ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်တပ်၊ နာမည်ပျက်လှတဲ့ စစ်သားတွေရဲ့ စစ်တပ်ဟာ အဓမ္မအာဏာ သိမ်းထားတဲ့အကြမ်းဖက်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်အောက်မှာ ဒီလိုလုပ်ရပ်တွေကို ကျူးလွန်နေကြတာက အမှန်တရားပဲ။ ဒါပေမယ့် မင်းအောင်လှိုင် တစ်ယောက်တည်းမှာ အခုဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊လူသားမျိုးနွယ်အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ပြစ်မှုတွေအတွက် တာဝန်ရှိတာမဟုတ်ဘူး။။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားအာရှနိုင်ငံကြီးတွေဟာ မြန်မာတစ်နိုင်ငံလုံးကို စစ်တပ်က အကြမ်းဖက်စစ်ပွဲဆင်နွှဲနေတာကို ရပ်တန့်စေဖို့၊ တညီတညာတည်းဝိုင်းဝန်းလို့ တက်ညီလက်ညီနဲ့ တပ်မတော်ရဲ့ စစ်မီးအစွယ်ကိုချိုးဖို့ တခြားနိုင်ငံတွေထက် ခပ်မြန်မြန် ဝင်ပါပေးနိုင်တဲ့ အနေအထားမျိုးရှိကြတဲ့နိုင်ငံတွေပါ။ ဒါပေမယ့် ဒီနိုင်ငံတွေက အဲဒီလို ဝင်မလုပ်ပေးပါဘူး။ ဘာမှကို ဝင်မလုပ်ပေးတာပါ။ မြန်မာစစ်ခေါင်းဆောင်တွေအသိအမှတ်ပြုလက်ခံလိုက်ကြဖို့အရေးမှာတောင် ကြိတ်ပြီး ကူနေကြသေးတယ်။

ဒီတော့ မြန်မာပြည်ဟာ မင်းအောင်လှိုင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေချည်းကိုခံရတာမဟုတ်ဘဲ အာရှအိမ်နီးချင်းတွေရဲ့ နှုတ်ဆိတ်နေတဲ့ဒဏ်ကိုပါ ခံနေရတာပါ။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly