ဆော်လမွန်ကျွန်းစုနှင့် တရုတ်တို့အကြား လုံခြုံရေးသဘောတူညီချက်က အင်ဒို-ပစိဖိတ်လုံခြုံရေးကို ခြိမ်းခြောက်နေ

ဆော်လမွန်ကျွန်းစုနှင့် တရုတ်တို့အကြား လုံခြုံရေးသဘောတူညီချက်က အင်ဒို-ပစိဖိတ်လုံခြုံရေးကို ခြိမ်းခြောက်နေ

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်စစ်တပ်ကို တပ်စွဲခွင့်ပြုမည့် ဆော်လမွန်ကျွန်းစုနှင့် တရုတ်တို့အကြား လုံခြုံရေးသဘောတူညီချက်နှင့် ပတ်သက်၍ ဩစတြေးလျနှင့် နယူးဇီလန်တို့က စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

ဩစတြေးလျနှင့် နယူးဇီလန်တို့က အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှု တိုးမြင့်လာမှုနှင့် ဩဇာလွှမ်းမိုးမှုတို့နှင့် ပတ်သက်၍ ယင်းတို့၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းကျွန်းအား တရုတ် တပ်များက နည်းဗျူဟာမြောက်ဖြည့်တင်းရန်အတွက်လည်း တစ်ထောက်ရပ်နားနိုင်ခြင်းကြောင့် ဒေသတွင် မတည်မငြိမ် ဖြစ်မည်ကို စိုးရိမ်နေကြသည်။

တရုတ်က သြစတြေးလျကို ခြိမ်းခြောက်ရန် ဆော်လမွန်ကျွန်းစုတွင် ရေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်မည့် ရည်ရွယ်ချက်ရှိကြောင်း ဩစတေးလျအစိုးရကလည်း ပြောကြားခဲ့သည်ဟု Washington Times က ဖော်ပြခဲ့သည်။

ယင်းအချက်ကို သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဘာနာဘိုင် ဂျိုင့်စ်ကလည်း ပြောကြားခဲ့သည်။ ဆော်လမွန်ကျွန်းစုသည် လုံခြုံရေးသဘောတူညီချက်ကို မတ် ၂၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းပေါက်ကြားပြီးနောက် ဩစတြေးလျနှင့် နယူးဇီလန်တို့၏ စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ဆော်လမွန်ကျွန်းစုများရှိ တရုတ်၏ စစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို နယူးဇီလန်ဝန်ကြီးချုပ် ဂျာစီဒါ အာဒန်က ပစိဖိတ်ဒေသတွင် တရုတ်၏ စစ်ရေးအရ တည်ရှိရန် လိုအပ်မှု အလွန်နည်းပါးကြောင်းနှင့် စစ်ရေးနှင့် လုံခြုံရေးထောက်ပံ့မှုအတွက် ဆော်လမွန်ကျွန်းနိုင်ငံခေါင်းဆောင်များအား ပစိဖိတ်ဒေသ မိသားစုကို ကျော်လွန်၍ မကြည့်ရန် တိုက်တွန်းခဲ့သည်။

တရုတ်က ဆော်လမွန်ကျွန်းစုများတွင် ယင်း၏ စစ်အင်အားနှင့် သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ရန် စိတ်ဝင်စားနေပြီး ယင်းသဘောတူညီချက်အရ ရဲတပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့များကို စေလွှတ်နိုင်မည်ဖြစ်ကြောင်း Washington Times က ဖော်ပြခဲ့သည်။

ဆော်လမွန်ကျွန်းစုများပေါ်တွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို လျော့ပါးစေရန် သြစတြေးလျသည် ကျွန်းများသို့ အခြေခံအဆောက်အအုံ ရန်ပုံငွေများကဲ့သို့သော အကူအညီများ မကြာခဏ ပိုမိုထောက်ပံ့ ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly