ဝေါမြို့နယ်၌ ကြေးမုံ သတင်းထောက်ဟောင်း နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရ

ဝေါမြို့နယ်၌ ကြေးမုံ သတင်းထောက်ဟောင်း နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရ

ဧပြီ ၁၈

ပဲခူးတိုင်း၊ ဝေါမြို့နယ် အေးချမ်းသာယာရပ်ကွက်ရှိ နေအိမ် တစ်လုံးရှေ့တွင် ဧပြီလ ၁၇ ရက်နေ့ ည ၇ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းအိမ်ပိုင်ရှင်မှာ ကြေးမုံ သတင်းစာ သတင်းထောက်ဟောင်း ဦးမြင့်စိုး ဖြစ်ပြီး စစ်ကောင်စီကို သတင်းပေး နေခြင်းကြောင့် ဗုံးဖောက်ခွဲခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။

"ဗုံးပေါက်ကွဲသံ ကြားလိုက်ရတယ်၊ မကြာဘူး တာဝန်ရှိသူတွေ ရောက်လာပြီး လမ်းကြောင်းတွေ ပိတ်ပြီး စစ်ဆေး ဖမ်းဆီးတော့တယ်၊ ထိခိုက် ဒဏ်ရာ ရရှိမှုတော့ မကြားမိသေးဘူး၊ လမ်းမှာတွေ့တဲ့ သူတွေ အကုန် ဖမ်းနေတယ်" ဟု ယင်းရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ဦးမြင့်စိုး သည် CDM ဝန်ထမ်းများ၊ PDF များ မြို့ပေါ် ပြန်လည်ရောက်ရှိမှု ပုန်းအောင်း ခိုလှုံနေသည့် နေရာများ စသည်တို့ကို စစ်ကောင်စီထံ သတင်းပေးနေကြောင်း ဒေသခံများက ပြောဆိုသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ အတွင်းက ၎င်းအိမ်တွင်ပင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ သော်လည်း လူထိခိုက်မှု မရှိ ကြောင်း သိရသည်။

#Mizzima

#ဝေါမြို့နယ်

#ကြေးမုံသတင်းထောက်ဟောင်း

#CDM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required